စာအုပ်အညွှန်း
ဓာတ်ပုံဆရာအဆင့် Digital ဓာတ်ပုံရိုက်နည်း လက်စွဲ (ဒုတိယတွဲ)
Written by မီမီး
စာရေးသူ - အောင်လင်း B.E (Electronics)
ဒီစာအုပ်ကတော့ ဓာတ်ပုံပညာကို စိတ်ဝင်စားတဲ့ သူတွေ ဖတ်ဖို့အတွက် ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ သဘောတရားဖြစ်တဲ့ အလင်းအမှောင်၊ အရိပ်ကျမှု၊ ကင်မရာအယူအဆ စတာတွေက ရောင်စုံနဲ့ ပြမှသာ ထင်သာမြင်သာရှိပါတယ်။ ဒီစာအုပ်မှာတော့ ရောင်စုံနဲ့ မထုတ်ဝေဘဲ အဖြူ၊ အမည်းနဲ့ ပုံနှိပ်ထားတာက စာဖတ်သူတွေကို ပုံမှာဘာကို ရှင်းလင်းဖော်ပြထားတယ်ဆိုတာ မသိသာစေပါဘူး။ ဒီစာအုပ်ရဲ့ အားနည်းချက်က ဒီအချက်ဖြစ်ပါတယ်။
Read more...မွေးစားသားရတနာ
Written by မီမီး
စာရေးသူ - မင်းယုဝေ
ဒီစာအုပ်ကတော့ မင်္ဂလာမောင်မယ် ဆိုတဲ့ ပရိသတ်ကြားမှာ နေရာယူခဲ့တာကြာပြီဖြစ်တဲ့ အသိပညာနဲ့ ယဉ်ကျေးမှုကို အဓိကရေးသားသော စာစောင်ထဲက လူငယ်တစ်ဦးရဲ့ အံ့မခန်း အတ္ထုပ္ပတ္တိကို ပြန်လည်စုစည်းထုတ်ဝေထားတာပါ။ မိဘနှစ်ဦးအဆင်မသင့်လို့ ၁နှစ် ၆လသား အရွယ်ကတည်းက ရန်ကုန်ကနေ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ထဲက တောင်ဈေးဖလုံရွာ ဦင်္းကျော်ခင်၊ ဒေါ်လှတို့ဆီကို မွေးစားသားအဖြစ် ရောက်ရှိသွားပြီး ဖြူစင်ရိုးသားကြင်နာ သနားတတ်တဲ့ မွေးစားမိဘနှစ်ပါး၊ ချစ်ခင်ညှာတာတတ်သူ အစ်မ မအေးသန်းတို့ရဲ့ ကျွေးမွေးပြုစု ပျိုးထောင်မှုနဲ့ ပညာတတ်ဘွဲ့ရ (ယခုလက်ရှိ မင်္ဂလာမောင်မယ် အယ်ဒီတာ အဖွဲ့ဝင်) ဖြစ်လာသူ မောင်ကျော်လှသန်းဦး (အမည်ရင်း -မောင်အုန်းမြင့်၊ ကလောင်အမည် - နန္ဒာမိုးမြေ) အကြောင်း ဖြစ်ပါတယ်။
Read more...ခြင်္သေ့နှလုံးသားနှင့် မိန်းမလက်များ
Written by မီမီး
စာရေးသူ - ဒေါက်တာ စိုးလွင်
ဒေါက်တာစိုးလွင်က သူရဲ့ တကယ့် pro အလုပ်ဖြစ်တဲ့ မီးယပ်နဲ့ သားဖွား အထူးကုဆရာဝန် လုပ်ငန်းထဲက သိကောင်းစရာတွေကို ဇာတ်လမ်းလေးတစ်ပုဒ်စီနဲ့ ပြထားတာတွေ့ရပါတယ်။ ဆေးပညာမှာ သူတစ်ပါးအသက်ကို ကယ်နိုင်အောင်၊ နာမကျန်းတဲ့သူကို သက်သာပျောက်ကင်းအောင် ကုသကြသူတွေပေမယ့် ကိုယ့်ကိုကိုယ်ကတော့ ဆေးလိပ်ကို အသက်နဲ့ရင်းပြီး သောက်သူတွေ၊ အရက်ကို အသက်နဲ့ လဲပြီးသောက်သူဆရာဝန်တွေအကြောင်း ဖတ်ရပါတယ်။
Read more...ရှေးဟောင်းအီဂျစ်မြို့ပြနိုင်ငံ အလှဘုရင်မ ကလီယိုပါထရာ
Written by မီမီး
စာရေးသူ - နိုင်အောင်
ဆရာနိုင်အောင်ရဲ့ စာအုပ်ကတော့ ကလီယိုပါထရာ ဘုရင်မရဲ့ သရုပ်ကို မြှင့်တင်နိုင်အောင် ကြွရွလာအောင် အီဂျစ်ပြည်ရဲ့ လူမှုသမိုင်း၊ ဧကရာဇ်သမိုင်း၊ ယဉ်ကျေးမှု သမိုင်းက စခင်းပါတယ်။ ပြီးတော့ ကမ္ဘာကျော်တဲ့ အလက်ဇန္ဒားသည်ဂရိတ်ဘုရင်ကြီး၊ သူ့ရဲ့ စစ်ရေးစွမ်းရည်၊ နောက်ဆုံးမှ ကလီယိုပါထရာ အလှနတ်ဘုရားမ။ ဒါတွေကို သမိုင်းယဉ်ကျေးမှုဓါတ်ပုံတွေ ရောင်စုံသေသပ်စွာ ထည့်သွင်းမှုတွေနဲ့ စာအုပ်ကို မွမ်းမံထားပါတယ်။ ကလီယိုပါထရာကို ရှာဖွေစောင့်စားဖတ်ရှုရင်း ကမ္ဘာ့လူသား ယဉ်ကျေးမှုသမိုင်းကိုပါ မြည်းခွင့်ရကြမယ့် စာအုပ်ပါ။
Ref: 8 Days
နိုင်ငံရေး စာရေးဆရာ တွမ်ပိန်း
Written by မီမီး
စာရေးသူ - မောင်ဝံသ
တွမ်ပိန်းခေါ် လောမတ်စ်ပိန်းက အင်္ဂလိပ်လူမျိုး တတ်သိပညာရှုင် intellectual၊ ကြေညာစာတမ်းများရေးသားသူ pamphleteer၊ တော်လှန်ရေးသား revo Lutionary၊ တော်လှန်ရေးဝါဒီ radical၊ လူ့အခွင့်အရေး ကာကွယ်သူ defender of human right ဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ အမွှမ်းတင်ခံရတယ်။ ဆရာမောင်ဝံသက ဒီလိုပုဂ္ဂိုလ်ကျော်အကြောင်း မြန်မာကလည်း သိသင့်တယ်ဆိုပြီးပြုစုရေးသားတာ ဖြစ်ပါလိမ့်မယ်။ တွမ်ပိန်းဟာ မှန်တဲ့ဘက်က ရပ်တည်ဖို့ အမြဲအသင့်ရှိနေပါတယ်။
Read more...