စာအုပ်အညွှန်း
ရွှေအသစ် ၂၀၀၉
Written by မီမီး
စာရေးသူ - ကလောင်စုံ
ရွှေအမြူတေမဂ္ဂဇင်းမှာ ၂၀၀၉ ခုနှစ်အတွင်း ပါဝင်ခဲ့တဲ့ ရွှေအသစ်ဝတ္ထုတို ၂၄ ပုဒ်ကို စုစည်းထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါတယ်။ ပါဝင်တဲ့ကလောင်ရှင်တွေက ထွန်းတောက်ထွဋ်(သချာင်္)၊ ရီ(မန္တလေး)၊ ဖူးသစ်မော်၊ လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်) ၊ အင်ကြင်းမေရှိန်၊ ခိုင်မြဲအောင် (ခင်ဦး)၊ ပင်မြင့်စံ (ရွှေဘို)၊ စိုင်းသရစ် (တောင်ကြီး)၊ သွန်းသံစဉ်မင်း၊ ဆေးဆေ၊ သီသီဟန်(ကျိုက်ထို)၊ စံသုခ(မုံရွာ)၊ ထန်၊ ကေသရီ (ဆေးတက္ကသိုလ်)၊ ငွေကြယ်စင်၊ နေသစ်လင်း၊ အယ်ကော်၊ မေလှိုင်ဖြူ၊ မောင်သစ်လှိုင်းတို့ ဖြစ်ပါတယ်။ ရွှေအသစ် ၂၀၀၉က ကလောင်ရှင်တွေဟာ လောကအမြင်၊ ဘဝအမြင် မှန်ကန်ကြပြီး စာတစ်ပုဒ်ရေးဖွဲ့မှု ကိစ္စများလည်း အားထုတ်ထားကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Read more...ရေအကြောင်းသိကောင်းစရာ
Written by မီမီး
စာရေးသူ - တက္ကသိုလ်ရွှေရီဝင်း
ကမ္ဘာပေါ်မှာ နှစ်သန်းပေါင်းများစွာ ကြာရှည်ခဲ့တဲ့ လူ့ယဉ်ကျေးမှုမတိုင်ခင်ကတည်းက တည်ရှိနေသော ရေ အကြောင်းရောင်စုံ သရုပ်ပြပုံများ ဝေဝေဆာဆာနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လိုရှင်းတိုရှင်း သိနိုင်ဖတ်နိုင်ပြီး အခန်းခွဲတွေက ဆားငန်ရေ၊ ရေချို၊ ရေသံသရာလည်ပုံ၊ ရေ၏ အသုံးဝင်ပုံ၊ ရေ၏ ပါဝင်ပတ်သက်မှုများ၊ မရှိမဖြစ် လိုအပ်သောရေ၊ သမုဒ္ဒရာအတွင်းရှိ သတ္တဝါများ၊ အခြားရေသတ္တဝါများ၊ ရေ၏ အန္တရာယ်များ၊ ရေကို ချွေတာသုံးစွဲခြင်းတွေ ဖြစ်ပါတယ်။ အခန်းတစ်ခန်းမှာ စာမျက်နှာ နှစ်မျက်နှာ ရေးသားထားပြီး သိလွယ်မြင်လွယ်အောင် ရောင်စုံသရုပ်ဖော်ပုံတွေနဲ့လည်း ပို့ပေးထားတာ တွေ့ကြရပါမယ်။ ပြီးတော့မှ စာအုပ်ရဲ့ နောက်ပိုင်းမှာ အခန်းတစ်ခန်းဆီထဲက သုတအချက်အလက်တွေကို အမှားအမှန် မေးခွန်းတွေ၊ ကွက်လပ်ဖြည့် မေးခွန်းတွေနဲ့ ပြန်ဖြေခိုင်းတာလေးတွေ ထည့်သွင်းထားတာပါ။ လူတွေအတွက်နဲ့ ကမ္ဘာမြေအတွက် အရေးကြီးတဲ့ ရေအကြောင်း ပေါ့ပေါ့ပါးပါးနဲ့ သိစရာ မှတ်စရာ တွေပေးထားတဲ့ စာအုပ်လို့ဆိုရမှာ ဖြစ်ပါတယ်။
Ref: 8 Days
ဝိုးတဝါး အတွေးစများနှင့် ဝတ္ထုတိုများ
Written by မီမီး
စာရေးသူ - လင်္ကာရည်ကျော်
အရွယ်ရောက်လာတဲ့ ယောက်ျားမိန်းမတိုင်းရင်မှာ ပေါက်ဖွားရှင်သန်တတ်ကြတဲ့ မေတ္တာဇာတ်လမ်း၊ အချစ်နဲ့ ပတ်သက်တဲ့ ရင်ခုန်သံတွေကို ဝတ္ထုတိုဖွဲ့ထားတာတွေ ဒီစာအုပ်မှာ အများစုတွေ့ရ ပါတယ်။ သမားတော်များ၊ ဆရာဝန်များ လောကမှာ ငွေကြေးဓနဥစ္စာ ရှာဖွေတောင့်တနေကြတာချည်း မဟုတ်ဘဲ လူတိုင်းမထားနိုင်တဲ့ စွန့်လွှတ်အနစ်နာခံစိတ်နဲ့ လူအများရဲ့ ကျန်းမာရေးကို ပြုစုကုသပေးသူတွေအကြောင်း လှပပီပြင်စွာ ရေးထားတာတွေလည်း ပါဝင်ပါတယ်။
Read more...
စာရေးသူ - နိုင်အောင်
၂၀၁၂ မှာ ကမ္ဘာကြီးဘာဖြစ်မလဲဆိုတဲ့ အကြောင်းလေ့လာပြုစုရေးသားဖူးတဲ့ ဆရာနိုင်အောင် (Conquror)ရဲ့ နောက်ထပ်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ ကမ္ဘာမြေနဲ့ လူသားတွေကို ဖန်ဆင်းတယ်ဆိုတဲ့ အစဉ်အလာဒဏ္ဍာရီတွေကို လေ့လာရေးသားထားတာ ဖြစ်ပါတယ်။ ဂရိတွေရဲ့ ဒဏ္ဍာရီထဲက ကမ္ဘာမြေပေါ်ထွက်လာပုံ အကြောင်းပါဝင်သလို အီဂျစ်တွေ ယုံကြည်တဲ့ ဖန်ဆင်းခြင်း၊ မာရန်လူမျိုးနွယ် (မာယာလို့ လူသိများတဲ့ မျိုးနွယ်)ရဲ့ ဖန်ဆင်းခြင်း၊ ဂျပန်-တရုတ်-ကိုးရီးယားတို့ရဲ့ ဖန်ဆင်းခြင်း ဒဏ္ဍာရီ၊ ဂျူးလူမျိုးတွေရဲ့ ဖန်ဆင်းခြင်း ဒဏ္ဍာရီတွေကို ရှာဖွေပြုစုရေးသားထားတာ တွေ့ရလို့ ဒီလိုလိုင်းမျိုးကို အာရုံကျသူ စာရေးဆရာ တစ်ဦးအဖြစ် မှတ်တမ်းပြုရပါတယ်။
Read more...သားချစ်မယားချစ်
Written by မီမီး
စာရေးသူ - သာဓု
ပရိသတ်က ဝတ္ထုတိုဆိုရင် ဝတ္ထုအဆုံးသတ်ကလေးမှာ ခံစားမှုတစ်ခုခုပေးစေချင်တယ်။ မှတ်စရာ သားစရာ အသိအမြင်လေးပဲဖြစ်ဖြစ်၊ ဟင်ခနဲ ဟာခနဲ လှည့်ကွက်ဖြစ်ဖြစ် ဖတ်ရတာမျိုးကို ကြိုက်တယ်။ ဆရာဦးသာဓုဟာ ဒီအချက်ကို ကောင်းကောင်းသိတယ်။ ကျွမ်းကျင်တယ်။ ဒီလိုပရိသတ်တွေ မျှော်လင့်မထားတာတွေနဲ့ ဝတ္ထုသိမ်းလိုက်တာကို ဖတ်ချင်ရင် အငယ်မယား၊ ပစ္စည်းမက်၊ အရည်အချင်း စတဲ့ ဝတ္ထုတွေကို ဖတ်ကြည့်ပါ။
Read more...
