Log in Register

Log in

 

မန္တလေးမြို့တွင် ပြည်မမှ ကြက်သွန်ဝင်ရောက်မှု နည်းသောကြောင့် ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ''တရုတ်ဘက်က၀င်တဲ့ ကြက်သွန်ဖြူဈေးကွက်က အရင်လထက် ထက်ဝက်နီးပါး ဈေးမြင့်သွားတယ်။ အရင်က တစ်ပိဿာကို ကျပ် ၁၂၀၀၊ ကျပ် ၁၃၀၀ လောက်ပဲရှိတာ အခု တစ်ပိဿာကို ကျပ် ၂၅၀၀ လောက် ရောင်းရတယ်။ အဓိကတော့ အ၀င်နည်းသွားတဲ့အတွက် ဈေးမြင့်သွားတာပါ။

တရုတ်ကြက်သွန်ဖြူတွေ ဈေးတက်တော့ ပြည်တွင်းထွက် ကြက်သွန်ဖြူတွေလည်း တစ်ပိဿာကို ကျပ် ၂၀၀ လောက် ဈေးတက်လိုက်လာတယ်''ဟု မန္တလေးမြို့ ကိုင်းတန်းဈေးရှိ ကြက်သွန် ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။ ''ကြက်သွန်နီဈေးကလည်း အခုနည်းနည်းချင်း ပြန်တက်နေတယ်။ တောင်သူတွေအနေနဲ့ ဈေးတက်ပေမယ့် ရောင်းချမှုနည်းသေးတယ်။ တောင်သူတွေ မရောင်းသေးတဲ့အတွက် ကုန်ဝင်နည်းပြီး ဈေးလည်းတက်တယ်''ဟု ၎င်းက ရှင်းပြသည်။ လက်ရှိ ကြက်သွန်ဈေးနှုန်းများမှာ တရုတ်ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၂၅၀၀၊ တောင်ကြီးဖြူ ကျပ် ၅၀၀ မှကျပ် ၁၀၀၀ ထိနှင့် ကြက်သွန်နီအလုံးကြီး ကျပ် ၆၀၀ မှ အလုံးသေး ကျပ် ၄၅၀ ဖြစ်ကြောင်း သိရသည်။

Ref: Eleven

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top