အိန္ဒိယက ပိုလျံနေသော ဂျုံများတင်ပို့မည်
Written by မီမီးရိတ်သိမ်းရာသီသစ်မှ ထွက်ရှိလာသော ဂျုံများကို သိုလှောင်နိုင်ရန်အတွက် ယခင်သိုလှောင်ထားသည့် ဂျုံများထဲမှ ပိုလျံနေသော တန်နှစ်သန်းကို တင်ပို့သွားရန် အိန္ဒိယက သဘောတူခွင့်ပြုထားကြောင်း အိန္ဒိယအစိုးရက ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရ စီးပွားရေးရာ ကော်မတီက ဂျုံတစ်တန်လျင် ၂၂၈ ဒေါ်လာဖြင့် တင်ပို့သွားရန် ဆုံးဖြတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်သည့် ကြေညာချက်က ဖော်ပြခဲ့သည်။
စီးပွားရေးရာ ကော်မတီသည် ကျွမ်းကျင်သူများဖြင့် အထူးကော်မတီတစ်ရပ် တည်ထောင်ထားပြီး ကုန်ပစ္စည်းများ တင်ပို့မှုနှင့် အခြားလုပ်ငန်းရေးရာများကို လေ့လာသုံးသပ်သည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဂျုံအများဆုံး ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သလို ဂျုံအများဆုံး သုံးစွဲသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ထုတ်လုပ်မှု ကျဆင်းခဲ့ပြီး နောက်ဂျုံတင်ပို့မှုကို အိန္ဒိယအစိုးရက ၂၀၀၇ ခုနှစ် အစောပိုင်းတွင် ပိတ်ပင်ထားခဲ့သည်။
Ref: Eleven
