Log in Register

Log in

မြန်မာသတင်းရပ်ဝန်း လူမှုကူညီရေးအသင်း

မြန်မာသတင်းရပ်ဝန်းအား စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် တည်ထောင်ခဲ့သော်လည်း အဓိကဦးတည်ချက်မှာ မိမိတို့လူမျိုးများ ဘက်စုံ တိုးတက်အောင်မြင်ရေးကို ထောက်ပံ့ကူညီရန် ဦးတည်၍ တည်ထောင်ခဲ့ပါသည်။ ထိုကြောင့် ဆင်းရဲနွမ်းပါးသူများ၊ ဒုက္ခရောက်နေသူများ၊ ကူညီထိုက်သူများကို မိမိတို့ တတ်နိုင်သည့်ဘက်မှ ကူညီဖေးမပေးရန် ရည်ရွယ်၍ ကျွန်တော် ကျွန်မတို့ မြန်မာသတင်းရပ်ဝန်း ဝိုင်းတော်သားများသည် အလျဉ်းသင့်သလို လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။ ကျွန်တော် ကျွန်မတို့၏ လုပ်ဆောင်ချက်များကို မြန်မာသတင်းရပ်ဝန်း၏ လူမှုကူညီရေးအခန်းကဏ္ဍတွင် ဖော်ပြထားပါသည်။ ကျွန်တော်ကျွန်မတို့ ပြုသမျှကောင်းမှုကုသိုလ်များကို ၃၁ဘုံရှိ သတ္တဝါအပေါင်းအား အမျှပေးဝေပါသည်။ အမျှရကြ၍ သာဓုခေါ်နိုင်ကြပါစေ။

မြန်မာသတင်းရပ်ဝန်း လူမှုကူညီရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့လိုသူများ၊ မိမိကိုယ်တိုင်ဆောင်ရွက်ရန် အခက်အခဲရှိသူများ မြန်မာသတင်းရပ်ဝန်းသို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။ မြန်မာသတင်းရပ်ဝန်းမှ အလှူရှင်များကိုယ်စား စုပေါင်း ဒါနပြုလုပ်ပေးရန် အသင့်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မြန်မာသတင်းရပ်ဝန်း ဝိုင်းတော်သားများ

လူမှုကူညီရေး

ကျွန်မတို့ မြန်မာသတင်းရပ်ဝန်း အဖွဲ့သားများ ဒီနှစ် ၂၀၁၁ မှာလည်း မနှစ်ကလို မော်လမြိုင်က မိဘမဲ့ကျောင်းမှာ အလှူသွားလုပ်မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်မတို့ အားလုံး ကလေးတွေကို ထပ်မံတွေ့ရမယ်ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မတို့ စိတ်တွေ ပျော်ရွှင်ကြည်နူး နေခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ ညမှာ ရန်ကုန်မှ ထွက်ခွာခဲ့ကြပါတယ်။ ၂၀ ရက်နေ့ မနက် ၆း၃၀ မှာ မော်လမြိုင်မြို့သို့ ထပ်မံရောက်ရှိခဲ့ပြန်ပါပြီ။ မနှစ်ကအတိုင်း ကျွန်မတို့ရဲ့ မန်နေဂျာ အိမ်မှာ ခဏနား မနက်စာ စားကြပြီး နံနက် ၁၀ နာရီခွဲလောက်မှာ ကျွန်မတို့ မိဘမဲ့ကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။

Read more...

‘မွန်တို့ ဌာနီ ရာမည’လို့ ခေါ်တွင်တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ကျွန်မတို့ မြန်မာသတင်းရပ်ဝန်း အဖွဲ့သားများသည် ဇူလိုင်လ၊ ၁၇ ရက် (စနေနေ့)တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာလာခဲ့ကြပါတယ်။ ၁၈ ရက်နေ့မနက် ၆ နာရီခွဲခန့်တွင် မော်လမြိုင် မြေနီကုန်း အဝေးပြေးကားဝင်းသို့ ရောက်ရှိခဲ့ပါသည်။ နယ်ခံဖြစ်တဲ့ ကျွန်မတို့ရဲ့ မန်နေဂျာက ဦးဆောင်ပြီး မုပွန်ရပ်ကွက်ရှိ သူ၏ အိမ်သို့ ဆိုင်ကယ် Taxi များဖြင့် သွားရောက် ခဲ့ကြပါသည်။ အိမ်သို့ရောက်သောအခါ ခဏနား၍ မနက်စာ စားကြပြီးနောက် နံနက် ၁၀ နာရီခွဲတွင် အလှူလုပ်မည့် မိဘမဲ့ကလေးကျောင်းသို့ သွားရောက်ခဲ့ကြပါသည်။

Read more...
မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top