Log in Register

Log in

အနုပညာသတင်းလွှာ

ကျန်းမာရေး  ပြန်လည်ကောင်းမွန်လာပြီဖြစ်သော R  ဇာနည်က  စတိတ်ရှိုးပွဲသီဆိုမှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ပြီး တစ်လတိတိအနားယူစဉ် သားငယ်ကို  ကျောင်းကြို/ပို့ ပြုလုပ်ရင်း အချိန်ကို ကုန်လွန်စေခဲ့သည်။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အချိန်တွင် မိသားစုတီဗီကြော်ငြာများကိုလည်း လက်ခံရိုက်ကူးဖြစ်နေပြီး
“အဆိပ်တက်အိပ်မက်”  ဗီဒီဒီထွက်ရှိရန် ပြင်ဆင်နေသော R ဇာနည်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

Read more...

မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့ (MLTR) ၏ ဖျော်ဖြေပွဲအတွက် စက်ပိုင်းဆိုင်ရာပစ္စည်းများကို မြန်မာနိုင်ငံရှိ ပုဂံအင်န်တာတိန်းမန့်မှ ငှားရမ်းအသုံးပြုမည်ဖြစ်ပြီး ယင်းစက်ပစ္စည်းငှားရမ်းခများအားလုံးကို မြန်မာနိုင်ငံရှိ ရေရှားပါးသောဒေသများတွင် ရေတွင်းများတူးရန် လှူဒါန်းမည်ဟု သတင်းရရှိသည်။

Read more...

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ပါဝင်မည့် အားကစားနည်း တစ်မျိုးချင်းစီအလိုက် ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လွှင့်လျက်ရှိရာ မြန်မာ့လက်ဝှေ့ အားကစားနည်းအတွက် ရိုက်ကူးထားသည့် ဇာတ်လမ်းတိုက မတ်လကုန်ပိုင်းတွင် စတင်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

Read more...

အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို မလေးရှားနိုင်ငံမှ ဒါရိုက်တာ၊ ကင်မရာမင်းနှင့် မင်းသား၊ မင်းသမီးတို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရိုက်ကူးခဲ့ကြောင်း သိရသည်။

Read more...

မသန်စွမ်းသူများ အနုပညာပွဲတော်အတွက် သံတမန်များအဖြစ် အဆိုတော် ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့အား ခန့်အပ်ပွဲနှင့် အဆိုပါ အနုပညာပွဲတော် အမှတ်တံဆိပ် logo နှင့် ပွဲတော်ခေါင်းစဉ် Title ဆုများ ပေးအပ်ချီးမြှင့်ခြင်းကို မတ်လ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီ၌ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပထမဦးစွာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

Read more...

Page 7 of 291

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top