Log in Register

Log in

 

မေး - အေးမြတ်သူကို ကားရိုက်နဲ့ Model အလုပ်နဲ့ ပြိုင်ပြီး ကမ်းလှမ်းလာရင် အေးမြတ်သူ ဘာကိုရွေးမလဲ။

ဖြေ - သရုပ်ဆောင်က အခုအချိန်မှာ ပိုပြီးတော့ ရပ်တည်မှုဖြစ်နေတာပေါ့။ Model က ကိုယ့်ရဲ့ အသက်အရွယ်နဲ့ ခန္ဓာကိုယ်အချိုးအစားကလည်း ရှိသေးတယ်။ အဲဒီအတွက် သရုပ်ဆောင်ဘက်ကို ပိုပြီးအလေးထားနေပါတယ်။

မေး - အခုအချိန်မှာ အေးမြတ်သူအဖြစ်ချင်ဆုံး ဆန္ဒကိုပြောပါဆိုရင်…

ဖြေ - အခုရောက်နေတဲ့ နေရာကနေ တစ်ဆင့်ထပ်တက်ချင်ပါတယ်။ ပြီးတော့ တကယ့်ကို ပညာပြည့်စုံတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ပါတယ်။

မေး - ဒီလောကထဲ ရောက်လာချိန်မှာ ဒီအနုပညာလောကကို ဘယ်လိုမြင်လဲ။

ဖြေ - ဒီလောကသားတွေက ပိုပြီးစည်းလုံးကြတယ်။ ချစ်ကြတယ်လို့မြင်ပါတယ်။ အချင်းချင်းဆိုရင် ကူညီဖို့လည်း ဝန်မလေးတတ်ကြဘူး။

မေး - ကားရိုက်တွေများလာတဲ့အခါ ဒရာမာနဲ့ ပတ်သက်ပြီး စိတ်ကိုဘယ်လိုကျင့် ယူလဲ။

ဖြေ - အဓိကတော့ ကိုယ်ကတစ်ကားဆို တစ်ကားပြီးအောင် ရိုက်တယ်။ တစ်ကားရိုက်နေရင် နောက်တစ်ကားရိုက်တယ် ဆိုတာတော့ ရှားပါတယ်။ အဲဒီအတွက် ဒီကားမပြီးမချင်းစိတ်က ဒီကားထဲမှာပဲ ရှိနေတော့ အဆင်ပြေပါတယ်။

Ref: Commerce

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top