Log in Register

Log in

 

၂၀၁၂ ခုနှစ်ဇန်န၀ါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း မြန်မာရုပ်ရှင် ဇာတ်ကားသစ် ငါးကားအားပြသရန် ဆင်ဆာခွင့်ပြုခဲ့ပြီးနောက် ရုံတင်ပြသရန် စောင့်ဆိုင်းလျက်ရှိသည့် မြန်မာဇာတ်ကား သစ် အရေအတွက်မှာ ၂၂ ကားရှိသည်ဟု သတင်းရရှိသည်။ ရုပ်ရှင်ထုတ်လုပ် ရေးများတွင် ရိုက်ကူးပြီး ပြသခွင့် ဆင်ဆာတင်ပြရန် စောင့်ဆိုင်းလျက် ရှိသည့် ဇာတ်ကားများလည်း ရှိသည်ဟု စုံစမ်းသိရှိရသည်။

“၂၀၁၂ ခုနှစ်ခြောက်လ ၀န်းကျင်လောက် ကာလအတွင်းမှာ ရုပ်ရှင်ဇာတ်ကားသစ် ငါးကားကို ပြသခွင့် ပြုခဲ့ပါတယ်။ အခုဆိုရင် ရုံတင် ဖို့စောင့်နေတဲ့ ဇာတ်ကား ၂၂ ကား ရှိပါတယ်။ ရုံတင်ပြသမှုစနစ်အရ ၀င်ငွေအားကိုးနိုင်တဲ့ရုံတွေကို စောင့် ပြီးရုံတင်ရတဲ့ အနေအထားဖြစ်နေတဲ့ အတွက် ဇာတ်ကားတွေ အများကြီး ရှိပေမယ့် တစ်နှစ်လုံး ရုံတင်ပြသတဲ့ ကားအရေအတွက်ကို ကြည့်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ရုံတင်ပြသတဲ့စနစ် တစ်ခုကို ပြုပြင်ပြောင်းလဲနိုင်ဖို့တော့ လိုမယ်ထင်ပါတယ်”ဟု ရုပ်ရှင်လုပ်ငန်း မှတာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

၂၀၁၂ ခုနှစ်ဇန်န၀ါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ပြသရန် ဆင်ဆာခွင့်ပြုခဲ့သည့် မြန်မာ ရုပ်ရှင်ဇာတ်ကားသစ်များမှာ ငွေ လမင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ဇာတ်ကား၊ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ မော်ကင်းဥဒါန်း’၊ အောင်ကိုလတ် ရုပ်ရှင်ထုတ်လုပ်ရေးမှ ‘ကယန်းအလှ’၊ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေး မှ ‘ဟတ်ကော့’ ၊ ရွှေမိုးသည်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ‘ကိုယ့်အထာနဲ့ကိုယ်’ ဇာတ်ကားတို့ဖြစ်ကြသည်။

Ref: Eleven

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top