မွေးလာစဉ် သွေးမရှိသည့်ကလေး ပြန်လည်ကျန်းမာလာ
Written by ဂျူလိုင်မိုး
အိုလီဗာနော်တန်အမည်ရှိ ဗြိတိန်နိုင်ငံ၊ အက်ဆက်ပြည်နယ်၊ ၀ှစ်ဟမ်းမြို့မှ မိန်းကလေးငယ်သည် မွေးဖွားလာစဉ် တစ်ကိုယ်လုံး ဖြူဆွတ်လျှက်ရှိသည်။ သူ၏ ခန္ဓာကိုယ်မှ သွေးများသည် မိခင်၏ သွေးလှည့်စနစ်ထဲသို့ တိုက်ရိုက်စီးဝင်သည့် အလွန်ရှားပါးသော ရောဂါရှိနေခြင်းဖြစ်သည်။သူ၏ ဟေမိုဂလိုဘင် ပါဝင်မှုနှုန်းသည် ပျမ်းမျှအားဖြင့် ၁၈ရှိရမည့်အစား ၃သာရှိသည်။ သွေးနီဥများ၌ အောက်ဆီဂျင်ကို သယ်ဆောင်ပေးသည့် ဟေမိုဂလိုဘင် ပါဝင်မှုနှုန်း နိမ့်ကျလွန်းသောကြောင့် သူ၏ ခန္ဓာကိုယ်၌ စီးဆင်းနေသော အရည်များကို သွေးဟုပင် ခေါ်ဆို၍မရဟုဆိုသည်။ သူသည် မွေးဖွားလာပြီး နှစ်နာရီခန့်သာ အသက်ရှင်နိုင်ဖွယ် ရှိသော်လည်းသူ့အား အရေးပေါ်သွေးသွင်းကုသမှုများ ပြုလုပ်ခဲ့ပြီးနောက် အရေပြားအရောင်မှာ အဖြူရောင်မှနေ၍ ပန်းရောင်သန်းလာခဲ့သည်။ ယခုအခါ အိုလီဗီယာနော်တွန်သည် အသက်ခြောက်လရှိပြီဖြစ်ပြီး ကောင်းစွာကျန်းမာ နေပြီဖြစ်ကြောင်း သိရသည်။
Ref : Pyi Myanmar
