ရှောပင်းမော၌ ဧရာမမှန်လုံရေကန်ကြီးထားရှိရာ ငါးအကောင် ၃၀၀၀နှင့် ရေဂါလန်ပေါင်း ၂၆၄,၀၀၀ပါဝင်ပြီး ငလျင်ဒဏ်ကိုပင်ခံနိုင်
Written by ဂျူလိုင်မိုး
မော်ရိုကိုနိုင်ငံ ကာဆာဘရန်ကာမြို့ရှိ ရှောပင်းမောတစ်ခုတွင် ဧရာမ မှန်သေတ္တာကြီးတစ်ခုထားရှိရာ ယင်း၌ ငါးအကောင် ၃၀၀၀ နှင့် ရေဂါလန်ပေါင်း၂၆၄,၀၀၀ ထည့်သွင်းထားပြီး ယင်းအားငလျင်ဒဏ်ကိုပင် ခံနိုင်အောင် ပြုလုပ်ထားသည် ဟုဆိုသည်။ ယင်းကို တည်ဆောက်စဉ်အတွင်း၌ပင် အင်အားပျော့သော ငလျင်နှစ်ခုနှင့် ကြုံတွေ့ခဲ့ရသေးသည် ဟုသိရသည်။ယင်းမှန်သေတ္တာကြီးသည် အမြင့်ပေ၃၀ရိပြီး ကမ္ဘာ့အကြီးဆုံး ငါးမွေးမှန်သေတ္တာကြီး လည်းဖြစ်သည်။ ယင်းကို ရှောပင်းမော၏ အလယ်ကောင်တွင် ထားပြီး ဈေးဝယ်သူများအား ရေအောက်ကမ္ဘာထဲသို့ ရောက်ရှိသွားရခဲ့သကဲ့သို့ ခံစားမှုကို ရရှိစေသည်။ယင်းကန်ကြီးသည် အောက်ခြေ၌ အချင်းအောက်ခြေ၌ အချင်းပေ၄၀ရှိပြီး ထိပ်ပိုင်း၌ အချင်း၄၄ပေရှိသည်။
Ref : Pyi Myanmar
