Log in Register

Log in

ကျန်းမာရေးကဏ္ဍ

နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။

Read more...

ပထမဆုံးအကြိမ် ဓမ္မတာစတင် ဖြစ်ပေါ်ချိန်ကစပြီး အနည်းဆုံး ၁၅နှစ်ကြာမှ ကလေးယူတဲ့ အမျိုးသမီးတွေဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၆၀ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပျမ်းမျှအားဖြင့် အသက်၁၃နှစ်အရွယ်မှာ ဓမ္မတာစတင် လာတတ်တာကြောင့် အသက်၂၈နှစ်အရွယ်မှ ကလေးယူရင် အသက်၅၀မတိုင်ခင် သားမြတ်ကင်ဆာဖြစ်နှုန်း ၆၀ရာခိုင်နှုန်း လျော့ကျတယ်လို့ ဆိုပါတယ်။

Read more...

သားမြတ်ကင်ဆာရှိသူရဲ့ ကင်ဆာဆဲလ်တွေကို အားစိုက်ပြီး ညှစ်လိုက်တာကြောင့် အဲဒီဆဲလ်တွေဟာ ပုံမှန်အတိုင်း ကြီးထွားမှု ဖြစ်ပေါ်အောင် တွန်းအားပေးနိုင်တယ်လို့ ဆန်ဖရန်စစ္စကို CellBiology အဖွဲ့မှ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။

Read more...

နေ့စဉ် ဆေးလိပ်တစ်လိပ် အပါအ၀င် ဆေးလိပ်အနည်းငယ်သောက်တဲ့ အမျိုးသမီးတွေအနေနဲ့ ရုတ်တရက် သေဆုံးနိုင်ခြေ နှစ်ဆခန့် မြင့်မားတယ်လို့ လေ့လာမှုကြီး တစ်ခုအရ သိရပါတယ်။ သုတေသီတွေက အမေရိကန်မှ အမျိုးသမီးပေါင်း ၁၀၁၀၀ရဲ့ ကျန်းမာရေးကို နှစ်ပေါင်း၃၀ကျော် လေ့လာခဲ့ပါတယ်။ ဆေးလိပ်အနည်းငယ်မှ အသင့်အတင့် သောက်သူတွေဟာ ဆေးလိပ်လုံးဝ မသောက်သူတွေထက် နှလုံးပြဿနာကြောင့် ရုတ်တရက် သေဆုံးနိုင်ခြေ နှစ်ဆ မြင့်မားပြီး ဆေးလိပ်ဖြတ် လိုက်ရင် နှစ်အနည်းငယ်အတွင်း ဖြစ်နိုင်ခြေ ပြန်လည်လျော့ကျသွားတယ်လို့ အမေရိကန်နှလုံးအဖွဲ့ ဂျာနယ်မှာဖော်ပြထားပါတယ်။

Read more...

ဖန်ပြွှန်သန္ဓေသား (IVF)လိုမျိုး မျိုးအောင်ကုထုံးနဲ့ မွေးလာတဲ့ကလေးတွေဟာ ရင်ကျပ်ပန်းနာဖြစ်နိုင်ခြေ မြင့်မားကြောင်း သုတေသီတွေက အကြံပေးထားကြပါတယ်။ လေ့လာမှုတစ်ခုမှာ အင်္ဂလန်နိုင်ငံမှ ကလေးငယ်ပေါင်း ၁၃၀၀၀ကျော် ပါဝင်ခဲ့ပြီးသဘာဝအတိုင်း ကိုယ်ဝန်ရရှိတာ မဟုတ်ဘဲမွေးဖွားလာတဲ့ အသက်ငါးနှစ်အရွယ် ကလေးတွေမှာ ရင်ကျပ်ပန်း နာရောဂါဖြစ်နိုင်ခြေ နှစ်ဆခန့်မြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Read more...

Page 4 of 174

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top