ကျန်းမာရေးကဏ္ဍ
ရူမတွိုက်အဆစ်ရောင်ရောဂါနှင့် သွားကျန်းမာရေး ဆက်စပ်မှုရှိ
Written by ဂျူလိုင်မိုး
ရူမတွိုက် အဆစ်ရောင် ရောဂါရှိသူတွေမှာ သွားဖုံးရောဂါကြောင့် သွားဆုံးရှုံးမှုရှိနိုင်ကြောင်း လေ့လာမှုအရ သိရှိခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး ကော့တေးသောက်ခြင်းကြောင့် အစာအိမ်ခွဲထုတ်ခံရ
Written by ဂျူလိုင်မိုး
Gaby Scanlanဆိုသူ ဆက်ကျော်သက်အမျိုးသမီးဟာ သူမရဲ့ ၁၈နှစ်ပြည့်မွေးနေ့မှာ လန်ကက်စတာမှ ဘားကောင်တာတစ်ခုအတွင်း ကော့တေးအရက် သောက်အပြီး အသက်ရှူရခက်ခဲကာ အလွန်အမင်း ဝမ်းဗိုက်နာကျင်တာကြောင့် ဆေးရုံသို့ပြခဲ့ရာ အစာအိမ်ပေါက်သွားတာကြောင့် သူမအသက်ကို ကယ်တင်ဖို့ အစာအိမ်ကိုခွဲထုတ်လိုက်ရပါတယ်။
ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာရောဂါကို ကုသမှုခံယူလျှင် အဆာခံထားခြင်းကြောင့် အကျိုးသက်ရောက်မှုပိုရှိနိုင်
Written by ဂျူလိုင်မိုး
USC သုတေသီတွေ ပြုလုပ်တဲ့ ပထမဆုံး လေ့လာမှုအရ အဆာခံထားတာဟာ ဓာတ်ရောင်ခြည်နဲ့ ကင်ဆာကုထုံးအတွက် အကျိုးသက်ရောက်မှု ပိုမို ရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဆီးကျိတ်ကင်ဆာရှိသူများတွင် အက်စပရင် မှီဝဲခြင်းကြောင့် အသက်ရှင်နှုန်း ပိုများနိုင်
Written by ဂျူလိုင်မိုးအက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ်မှီဝဲတာကြောင့် ဆီးကျိတ်ကင်ဆာရှိသူတွေမှာ သေဆုံးနိုင်ခြေ နည်းပါးသွားနိုင်ကြောင်း လေ့လာမှုအရ အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြားသွေးကျဲဆေးတွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ်လို့ ယခင်က လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
Read more...အငန်များသည့် အစာစားသူများ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် အရိုးပါးရောဂါဖြစ်နိုင်
Written by ဂျူလိုင်မိုး
အငန်လွန်ကဲတဲ့အစားအစာ စားတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အရိုးပါးရောဂါ ဖြစ်နိုင်တယ်လို့ လေ့လာမှုအရ သိရှိရပါတယ်။ အယ်ဘားဒါးတက္ကသိုလ်မှ လေ့လာသူတွေက ဆိုဒီယမ်နဲ့ ကယ်လ်စီယမ်ကြားက ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။

