Log in Register

Log in

 

အားကစားသမားတို့အနေနဲ့ သွေးလှည့်ပတ်မှုစနစ်ကောင်းမွန်စေဖို့အတွက် အောက်ပါ အစားအသောက်တွေကို ရွေးချယ်မှီဝဲ ပေးသင့်ပါတယ်။

ငရုတ်သီး၊ ကန်စွန်းဥ၊ ကီဝီသီးနှင့်စတော်ဘယ်ရီသီးများ
ဒီအစားအစာတွေအားလုံးမှာ ဗီတာမင်စီပမာဏမြင့်မားစွာပါဝင်ပြီး ကိုလာဂျင်ဖြစ်ပေါ်ရေးမှာ အရေးပါပါတယ်။ သွေးလွှတ်ကြောတွေကိုလည်း ကျန်းမာစေပါတယ်။

ဝက်သစ်ချစေ့၊ နှမ်းကြတ်စေ့နှင့် ဆယ်လ်မွန်ငါး
ဒီအစားအစာတွေမှာ ပေါများစွာပါဝင်တဲ့ အိုမီဂါသရီးဖက်တီးအက်စစ်ဟာ သင့်ကြွက်သားတွေနဲ့ သွေးလွှတ်ကြောတွေအတွက် ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ပေးနိုင်ပါတယ်။

ပဲအမျိုးမျိုး၊ ဆန်လုံးညို၊ အသား
ဒီအစားအစာတွေကနေ ဗီတာမင်ဘီစစ်၊ ဘီတွဲလ်နဲ့ ဖောလစ်အက်စစ်တို့ကိုရရှိပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ဟင်းရွက်များ၊ ဘက်ရီသီးမှား၊ ဖရဲသီး၊ နို့နဲ့နို့ထွက်ပစ္စည်းများ
သွေးပြန်ကြောကျန်းမာရေးနဲ့ ကြွက်တက်ခြင်းကာကွယ်ရေးအတွက် လိုအပ်တဲ့ဗီတာမင်အေ၊ စီ၊ အီး၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီနီယမ်ဓာတ်တို့ကို ဒီအစားအစာတွေကနေ ရရှိစေပါတယ်။ Tips! အားကစားမလုပ်ဖူးသူတွေအနေနဲ့ အားကစားအစီစဉ်မစခင်မှာ ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။

Ref: Good Health

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top