ဦးနှောက်သွေးယိုစီးမှုဖြစ်ကာ သေဆုံးသွားသူလေး၏ ခန္ဓာကိုယ်လှူဒါန်းမှုကြောင့် လူရှစ်ဦး၏အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး လူနှစ်ဦး အမြင်အာရုံပြန်လည်ရရှိ
Written by ဂျူလိုင်မိုး
ဂျမ်မီမာလေဇယ်အမည်ရှိ ၁၃နှစ်အရွယ် မိန်းကလေးသည် ဦးနှောက်သွေးယိုစီးမှုဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်လှူဒါန်းမှုကြောင့် လူရှစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း အမြင်အာရုံ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ သူသည်ဗြိတိန်နိုင်ငံ ဆမ္မားဆက်ပြည်နယ် ဟော်တန်မြို့ကရှိနေအိမ်တွင် ကျန်းကျန်းမာမာရှိရာမှ ရုတ်တရက်လဲကျကာ သေဆုံးသွားခြင်းဖြစ်သည်။ သူသေဆုံးသွားသည့်အခါ သူ၏မိဘများသည် သူ၏ဆန္ဒအတိုင်း ဆေးရုံသို့ ခန္ဒာကိုယ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ သူ၏နှလုံးကို အသက်ငါးနှစ်အရွယ်ရှိ ယောက်ျားလေး တစ်ဦးထံသို့လည်းကောင်း အဆုတ်များကို အသက်၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးထံသို့ လည်းကောင်း အသည်းကိုခွဲခြမ်းပြီး အသက်၁ဝလနှင့် ငါးနှစ်အရွယ် ယောက်ျားလေးများထံသို့ လည်းကောင်း အစားထိုးကုသပေးခဲ့သည်။
အသက်၁၉နှစ်နှင့် ၂၄နှစ်အသီးသီးရှိသော လူနှစ်ဦးကို သူ၏ကျောက်ကပ်များဖြင့် အစားထိုး ကုသပေးခဲ့သည်။ အသက်၎ဝအရွယ်ရှိ လူတစ်ဦးကို သူ၏ပန်ကရိယကို ပေးခဲ့ပြီး သူ၏အူသိမ်များကို အသက်သုံးနှစ်ခွဲအရွယ်ရှိ ယောက်ျားလေးတစ်ဦးထံ အစားထိုးကုသပေးခဲ့သည်။ ဂျန်မီမာလေဇယ်သည် ထူးချွန်သည့်အနုပညာရှင် တစ်ဦးဖြစ်ပြီး စာရေးဆရာဖြစ်ရန် ရည်မှန်းချက်ထားရှိကာ ကဗျာများ သီချင်းများ ဝတ္ထုများနှင့် လေးနက်သော အတွေးများကို ရေးသားထားခဲ့သည်။ သူ၏မျက်လုံးတစ်သျှူးများကို မျက်မမြင်လူနှစ်ဦး၌ အစားထိုးခဲ့ရာ ထိုသူနှစ်ဦးမှာလည်း အမြင်အာရုံ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
Ref: pyi Myanmar
