ဂျပန်က စွမ်းအင်သုံးစွဲမှုတွင် နျူကလီးယားစွမ်းအင်ကို ၁၅ ရာခိုင်နှုန်းထိ သုံးစွဲသွားရန် မျှော်မှန်းထား
Written by ဂျူလိုင်မိုးဂျပန်နိုင်ငံက စွမ်းအင်သုံးစွဲမှုတွင် နျူကလီးယားစွမ်းအင်ကို လိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်းထိ ထုတ်ယူသုံးစွဲသွားဖွယ်ရှိကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဂိုရှီဟိုဆိုနိုက မေလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဂျပန်သည် ၂၀၃၀ ပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်ကင်းစင်သည့် နိုင်ငံဖြစ်လာရန် မျှော်မှန်းထားပြီး စွမ်းအင်မူဝါဒနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေများစွာကို အစိုးရအထူးအဖွဲ့ တစ်ဖွဲ့က လေ့လာနေသည်။ ယမန်နှစ်က ဆူနာမီနှင့် နျူကလီးယား အကျပ်အတည်းကြောင့် စွမ်းအင်းရင်း မြစ်ရှားပါးသော ဂျပန်သည် နျူကလီးယားစွမ်းအင်ကို ကြီးကြီးမားမား မှီခိုနေရသည်။
စွမ်းအင်လိုအပ်ချက်၏ သုံးပုံ တစ်ပုံခန့်ကို နျူကလီးယားစွမ်းအင်မှ ရယူနေရပြီး မူဝါဒချမှတ်သူများက နျူကလီးယားစွမ်းအင်ကို ၅၀ ရာခိုင်နှုန်းထိ မှီခိုရန် ရည်ရွယ်ထားခဲ့သည်။
သို့သော်လည်း မတ်လ အကျပ်အတည်းပြီး နောက်ပိုင်းမှစကာ နျူကလီးယားဓာတ်ပေါင်းဖိုများကို လုံခြုံရေးစစ်ဆေးမှုများအတွက် ပိတ်ပင်ထားခဲ့ရပြီး ယခုအခါ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးတွင် နျူကလီးယား ဓာတ်ပေါင်းဖို လည်ပတ်မှုမရှိတော့ပေ။
Ref: Eleven
