Log in Register

Log in

 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် လူ ၄၁ ဦး၌ H1N1 တုပ်ကွေး ဖြစ်ပွားနေကြောင်း ဇွန်လ ၂၁ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့သည်။ ယင်းတို့အနက် ခြောက်ဦးသာ ဆေးရုံမှဆင်းခွင့်ပြုခဲ့၍ ကျန်လူနာများအား ရောဂါမပြန့်ပွားစေရန် မိသားစုဝင်များနှင့်ပါ တွေ့ခွင့်ပိတ်ပင်ခဲ့ပြီး ဆေးရုံရှိ ရောဂါထိန်းချုပ်ရေး ဌာနတွင်သာ ထားရှိထားကြောင်း သိရသည်။

Nakhon Ratchasima Rajanagarindra Psychiatric ဆေးရုံတွင် ပထမ ဆုံး H1N1 တုပ်ကွေးဖြစ်ပွားသူကို ခုခံအားနည်းနေပြီး ရောဂါပိုး အလွယ်တကူ ကူးစက်နိုင်သော အရက်ဖြတ်ဌာနမှ လူနာတစ်ဦးတွင် စတင်တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနမှ အထွေထွေစစ်ဆေးရေးမှူး Kamron Chaisiri က ပြောကြားခဲ့သည်။ ရောဂါဖြစ်ပွားသူများအနက် အမျိုးသမီးခြောက်ဦး၊ အမျိုးသား ၃၅ ဦးနှင့် ဆေးရုံဝန်ထမ်း ခြောက်ဦးတို့ပါဝင်ကာ လူနာများအား သီးသန့်အခန်းများတွင် ထားရှိပြီး ပိုးသတ်ဆေး H1N1 ထိုးပေးထားသဖြင့် ရောဂါအခြေအနေ ပြင်းထန်သူများ မရှိကြောင်း သိရသည်။

အဆိုပါဆေးရုံတွင် H1N1 တုပ်ကွေးရောဂါပိုး မရှိတော့ကြောင်း အတည်ပြုနိုင်သည့်အချိန်အထိ မည်သည့် ဆေးရုံတက်မည့်လူနာကိုမျှ လက်ခံမည်မဟုတ်သော်လည်း ပြင်ပလူနာဌာနအား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး အရာရှိများသည် ပြည်နယ်အတွင်းရှိ ကျောင်းများတွင်လည်း ရောဂါဖြစ်ပွားမှုများ ရှိ မရှိ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း Kamron က ပြောကြားခဲ့သည်။

Ref: Eleven

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top