ဟာသရပ်ဝန်း
ဘာလို့မဖမ်းတာလဲ ...
Written by ဂျူလိုင်မိုးဂျွန်နီလေးတို့ မူကြိုကျောင်းဟာ တစ်နေ့မှာ လေ့လာရေးခရီးစဉ်အဖြစ်မြို့နယ်တစ်ခုက ရဲစခန်း ဆီ သွားရောက်ကြပါတယ်။
ကလေးတွေဟာ ကြော်ငြာသင်ပုန်းပေါ်မှာ အစီအရီကပ်ထားတဲ့ ထိပ်တန်းအလိုအရှိဆုံး ရာဇ၀တ်သမား ၁၀ ဦးရဲ့ ဓာတ်ပုံတွေကို မြင်တဲ့အခါ စိတ်ဝင်တစားနဲ့ ကြည့်ရှုကြပြီး အုပ်စုထဲက အငယ်ဆုံးကလေးငယ်တစ်ယောက်က ရုတ်တရက် ဓာတ်ပုံတွေကို လက်ညှိုးထိုးပြီး "ဓာတ်ပုံ တွေထဲကလူတွေဟာတကယ်ပဲ ရဲတွေ ဖမ်းနေချင်တဲ့လူတွေလားဟင်"လို့ အနားမှာရှိတဲ့ ရဲသားတစ်ဦးကို မေးခွန်းထုတ်လိုက်ပါတယ်။ Read more...
ဉာဏ်ပြေးတဲ့ယောက်ျား
Written by ဂျူလိုင်မိုးခင်ပွန်းဖြစ်သူဟာ ညနေခင်းတစ်ခုမှာ မိန်းမဖြစ်သူထံ ဖုန်းမက်ဆေ့ခ်ျ တစ်စောင် ပို့လိုက်ပါတယ်။ "အချစ်ရေ ..ကိုယ်တော့ ဒီည အိမ်ပြန်နောက်ကျမယ်။ ဒါကြောင့်မို့ ကိုယ့်ဝတ်ထားပြီးသား ရုံး အင်္ကျီတွေကို လျှော်ပေးထားနော်။ ကိုယ်ပြန်လာရင် စားဖို့ အတွက်လည်း ကိုယ်ကြိုက်တဲ့ဟင်း လည်း ချက်ထားပေးပါကွာ"လို့ စာထဲမှာ ရေးမှာထားပါတယ်။ Read more...
အထီး၊ အမ ခွဲခြားနည်း
Written by ဂျူလိုင်မိုးဇနီးသည် ဖြစ်သူဟာ မီးဖိုချောင်ထဲမှာ ယင်ရိုက်တံတစ်ချောင်းနဲ့ ယင်တွေကို ချောင်းမြောင်း နေတဲ့ ယောက်ျားဖြစ်သူကို တွေ့လိုက်ရတာကြောင့် "ရှင် ..ဘာတွေလုပ်နေတာလဲ"လို့ မေးလိုက်ပါတယ်။
အမျိုးသားက "ငါ ..ယင်ကောင်တွေ ဖမ်းနေတာကွ"လို့ ပြန်ဖြေလိုက်တာကြောင့် "အောင်မလေး .. ရှင် အကုသိုလ်အလုပ်တွေ လုပ်နေတယ် ဟုတ်လား။ ဘယ်နှကောင်များ သတ်ပြီးပြီလဲ"လို့ မိန်းမဖြစ်သူက ထပ်ကွန့် လိုက်ပါတယ်။ Read more...
လမ်းမလျှောက်နိုင်ဘူး
Written by ဂျူလိုင်မိုးကလေးငယ်နှစ်ဦးဟာ ဆေးရုံထဲက ကပ်လျက်ခုတင်တစ်လုံးစီမှာ လှဲလျောင်း နေကြရင်း ပထမကလေးက မင်း .. ဘာဖြစ်လို့ ဒီကို ရာက်နေတာလဲ"လို့ ဒုတိယကလေးကို မေးလိုက်ပါတယ်။
"ငါ့အာသီးရောင်နေတာ ခွဲထုတ်ရမှာမို့လို့။ ကြောက်လိုက်တာကွာ"လို့ အမေးခံရတဲ့ကလေးက ပြန်ပြောလိုက်ပါတယ်။ Read more...
ပစ္စည်းချို့ယွင်းချက် ကြောင့်ပါ ..
Written by ဂျူလိုင်မိုးအမျိုးသားတစ်ဦးဟာ ကလေးခြောက်ယောက်နဲ့အတူ လေယာဉ်ပေါ်ကို တက်လာခဲ့ပါတယ်။
နေရာထိုင်ခင်းချပြီးတဲ့နောက် အားလုံး အေးအေးဆေးဆေးဖြစ်သွား ကြတဲ့အခါမှာတော့ လူသွားလမ်းခြားပြီး အမျိုးသားထိုင်ခုံရဲ့ တစ်ဖက်မှာ ထိုင်နေတဲ့ အမျိုးသမီးကြီးက "ဒီ ကလေးတွေ အကုန်လုံးက မင်းရဲ့ သားသမီး တွေလား" လို့ လှမ်းစပ်စုလိုက်ပါတယ်။
အဲဒီအခါ အမျိုးသားပြန်ပြောလိုက်တာ က "မဟုတ်ရပေါင်ဗျာ .. ကျွန်တော်က ကွန်ဒုံးကုမ္ပဏီမှာ အလုပ်လုပ်တာပါ။ ဒီကလေးတွေက ပစ္စည်းချို့ယွင်းချက်ကြောင့် ဖောက်သည်တွေက ပို့ပေးလိုက်ကြတာ ပါ"တဲ့။
Ref: Myanmar Times

