ဟာသရပ်ဝန်း
ခက်ခဲတဲ့ ပုစ္ဆာ
Written by မီမီးကိုချူချာ ဘူမိဗေဒသမားကိုမေးသည်။
“ကျွန်တော့်လက်ထဲမှာ ငါးဘယ်နှစ်ကောင်ရှိတယ် ဆိုတာပြောနိုင်ရင် နှစ်ကောင်စလုံးကိုပေးမယ်။”
“နှစ်ကောင်။”
“ခင်ဗျား အကြားအမြင်ရတဲ့ လူထင်တယ်၊မှန်တယ်ဗျ ရော့…ယူ။”
Ref: Internet
ချစ်သောဇနီး
Written by မီမီးလူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ဝင်တော့ အခန်းထဲမှာ ကွန်ပျူတာ တစ်လုံးတွေ့တာနဲ့ သူအတော် ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲ ဆိုပြီး အီးမေးလ်တစ်စောင် ပို့လိုက်တယ်။ ဒါပေမယ့် သူ့အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင် မသိလိုက်ဘူး။ အဲဒီအီးမေးကို ပို့လိုက်မိပြီလေ။ အဲဒီအချိန်…. ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့ အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပျူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။
Read more...ဥာဏ်ကြီးရှင်ဖေဖေ
Written by Phyu Phyu Shweရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာဘာဖြစ်လို့အကြီးကြီးဖြစ်နေတာလဲဟင်”
“လမင်းဟုတ်လား၊ မသိပါဘူးသားရယ်”
“ကြယ်တွေကျတော့သေးသေးလေးနော်….ဘာဖြစ်လို့လဲဖေဖေ”
“ကြယ်တွေဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့..”
အမေက၀င်ပြောသည်။ “ဟဲ့သား၊ဖေဖေပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”
Ref: Internet
စိတ်ဆိုးစရာလား
Written by Phyu Phyu Shwe“ဘာလို့အလုပ်ကထွက်လာတာလဲ”
“သူဌေးကအပြောအဆိုမတတ်လို့ပါ”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကိုသိပ်လှတာပဲတဲ့”
“ဒါလောက်ကလေးပြောတာနဲ့စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
Ref: Internet
စုံလှပါပေ့ ရောဂါတွေ
Written by Nwe Wai Lwinအပျိုကြီးတစ်ဦး ဆေးခန်းသို့ ရောက်လာပြီးဆရာဝန်အား -
“ဆရာ ကျွန်မခေါင်းတွေလည်း အရမ်းကိုက်တယ်။ ညညဆိုလည်း တော်တော်နဲ့ အိပ်မပျော်ဘူး။
ရင်တွေလည်းတုန်တယ်။ ဒီကြားထဲ အကြောအခြင်တွေကလည်း ခဏခဏတက်တယ်”
“ခင်ဗျားရောဂါက စုံလှချည်လား၊ ကဲ ကဲ ထားပါတော့၊ ဒါနဲ့ ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ”
“ ၃၀ တော့မပြည့်သေးဘူး ဆရာ” “အင်း…ခင်ဗျားဦးနှောက်မှာ မှတ်ဉာဏ်တွေလည်း နည်းနေပါလား”
“ရှင်”
Ref: Good Health
