ပြည်တွင်းသတင်း
မျက်မမြင်ကျောင်းမှ ဆပ်ပြာရည်နှစ်မျိုးနှင့် ခေါင်းလျှော်ရည်သုံးမျိုး စတင်ထုတ်
Written by 7 Day News Journalမုံရွာမြို့၊ အောင်ချမ်းသာမြို့သစ်ရပ်ကွက်၊ ရောင်ခြည်သစ်ပရဟိတ မျက်မမြင် သင်တန်းကျောင်းမှအိမ်တွင်းမှု အသက်မွေးပညာ သင်တန်းတစ်ခုကို ဧပြီလအတွင်း သင်ကြားခဲ့ပြီးနောက် ယခုနှစ် မေလ ဒုတိယပတ်အတွင်း ဆပ်ပြာရည် နှစ်မျိုး၊ ခေါင်းလျှော်ရည်သုံးမျိုးစတင်၍ထုတ်လုပ်ခဲ့ရာ မကြာမီဈေးကွက်အတွင်း ဖြန့်ချိမည်ဖြစ်ကြောင်း ရောင်ခြည်သစ်မျက်မမြင်
သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးကြည်ကပြောသည်။
တောင်သူအများစု မိုးရာသီ သီးနှံစိုက်ပျိုးရန် ရာသီဥတုအခြေအနေ စောင့်ကြည့်
Written by 7 Day News Journalမုံရွာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သော တောင်သူအများစုသည် မိုးရာသီ သီးနှံစိုက်ပျိုးရန်အတွက် ရာသီဥတု အခြေအနေများအား အမြဲမပြတ်စောင့်ကြည့်လေ့လာသူ ပိုမိုများပြားလာကြောင်း ဒေသခံတောင်သူများကပြောသည်။
Read more...ပြန်လည်ထူထောင်ရေးအတွက် ပြည်ပရောက် ရခိုင်တိုင်းရင်းသားများ ပြန်လာရန်လိုအပ်နေဟုဆို
Written by 7 Day News Journalအောင်ခိုင်၊ ရဲနောင်
ဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ပြည်ပရောက် ရခိုင်တိုင်းရင်းသားများ ပြန်လာရန်လိုအပ်နေပြီဖြစ်ကြာင်း ရခိုင်အမျိုးသားအင်အားစုများကတိုက်တွန်း ပြောကြားသည်။
Read more...တပ်မှ သိမ်းထားသော လယ်ဧက ၁၀၀၀၀ ဒေသခံများထံ ပြန်ပေးရန် ဆွေးနွေးမည်ဟုဆို
Written by 7 Day News Journalမွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် စစ်တပ်က သိမ်းဆည်းထားသော မြေဧကတစ်သောင်းခန့်ကို ဒေသခံများ ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် နေပြည်တော်တွင် သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးနိုင်ကဆုမွန်က ပြောသည်။
Read more...တစ်ရက်တည်း ပြည့်တန်ဆာခေါင်းငါးဦးနှင့် ပြည့်တန်ဆာရှစ်ဦး ဖမ်းဆီး
Written by 7 Day News Journalနေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် မေလ ၁၁ ရက် ညပိုင်း၌ နေပြည်တော်ရဲတပ်ဖွဲ့များက ပြည့်တန်ဆာလုပ်ကိုင်သူများကို လိုက်လံဖမ်းဆီးရာ တစ်ညတည်းမှာပင် ပြည့်တန်ဆာခေါင်းငါးဦးနှင့် ပြည့်တန်ဆာရှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သတင်းရရှိသည်။
Read more...
