ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ပိတ်ထားသော သံတွဲမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၁၃ ရက်နေ့တွင် ပြန်ဖွင့်မည်
Written by မီမီးရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ယာယီပိတ်ထားသော သံတွဲမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၁၃ ရက်နေ့တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း စက်မှုလက်မှုသိပ္ပံ(သံတွဲ)မှ တာဝနရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၄ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိသည်။
''ခုရက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကြောင့် သံတွဲမှာလည်း အလားတူဖြစ်ရပ်တွေ မဖြစ်ပွားရအောင်၊ အဓိက ကတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာ စိုးတဲ့အတွက် ပြဿနာကို ရှောင်တဲ့အနေနဲ့ ကျောင်းသားတွေကို သူတို့နေရပ်ကို ခေတ္တပြန်ခိုင်းလိုက်တဲ့ သဘောပါ။ ဒါကြောင့် ကျောင်းကို ခေတ္တပိတ်ထားလိုက်တယ်။ ဒါပေမယ့် ကျောင်းသားတွေကို ဇွန်လ ၁၃ ရက်နေ့အရောက် ကျောင်းကိုပြန်ခဲ့ဖို့နဲ့ အဲဒီနေ့ကျောင်းဖွင့်မယ်လို့ သိရပါတယ်''ဟုလည်း စက်မှုလက်မှုသိပ္ပံ (သံတွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သံတွဲမြို့ခံတစ်ဦးကလည်း ''ကျောင်းသားတွေကို ဇွန်လ ၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ ကားလေးစီးနဲ့ ပြန်ပို့ပေးလိုက်တယ်။ သံတွဲကျောင်းမှာ အမ်း၊ မအီ၊ ကျောက်ဖြူ၊ တောင်ကုတ်စ သဖြင့်နယ်တွေက ကျောင်းသားတွေရှိပါတယ်''ဟု ပြောကြားခဲ့သည်။
Ref: Eleven
