Log in Register

Log in

 

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် အထောက်အပံ့ ပစ္စည်းများ ရေကြောင်းမှ ပထမဆုံးအကြိမ် ပို့ဆောင်မည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဦးသိန်းဌေးအောင်ထံမှ သိရသည်။ အဆိုပါ အထောက်အပံ့ ပစ္စည်းများကို ဗိုလ်တထောင်ဆိပ်ကမ်း အမှတ် ၅ ဘောတံတားတွင် ဆိုက်ကပ်ထားသော တန်ချိန် ၉၀၀ တင်ဆောင်နိုင်သည့် ကမ်းရိုးတန်းသွားကမ်းထိုး ရေယာဉ် ဃဋိကာရ အမည်ရှိ သင်္ဘောပေါ်သို့ ဇွန်လ ၂၂ ရက်နေ့မှစ၍ တင်ဆောင်နေပြီဖြစ်ပြီး သင်္ဘောအပြည့် တင်ဆောင်ပြီးပါက ရခိုင်ပြည်နယ်သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်္ဘောပေါ်သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့မှ လှူဒါန်းမည့် အထောက်အပံ့ ပစ္စည်းများကို အဓိက တင်ဆောင်မည် ဖြစ်ပြီး ၇ပေ x ၃ပေ အရွယ်အစား အလူဇင့်သွပ်အချပ် ၃၃၀၀၀ ချပ်၊ အလူဇင့် ဗြောင်သွပ် ၂၂၀၀ချပ်၊ ဆန်အိတ် ၁၅၀ နှင့် ၅၄ ပေါင်အလေးချိန်ရှိ ဆန်အိတ်ပေါင်း ၁၄၀၀၊ ၃၀ ပိဿာဝင် ကုလားပဲအိတ်၂၀အိတ် အပါအ၀င် အခြား အထောက်အပံ့ပစ္စည်း အမျိုးအစားများစွာ ပါဝင်ကြောင်း သိရပါသည်။ လှူဒါန်းသည့် ပစ္စည်းများတွင် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးဒုက္ခသည်များအတွက် အမျိုးသမီး ၄၀၀၀ ဦး အသုံးပြုနိုင်သည့် အမျိုးသမီး နေ့စဉ်သုံး အသုံးအဆောင်ပစ္စည်း ၈ မျိုးခန့် ပါဝင်သည့်အိတ် ၂၀၀ ပါဝင်ကြောင်းလည်း သိရသည်။

Ref: Eleven

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top