ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်အတု ကိုင်ဆောင်သူတွေ့ပါက ဥပဒေအရ အရေးယူမည်
Written by မီမီးရခိုင်ပြည်နယ်တွင် မှတ်ပုံတင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ရက်နေ့က နေပြည်တော်စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ''နောက်ကြောင်း ပြန်ပြောရရင် ၁၉၇၈ ခုနှစ်က နဂါးမင်း စစ်ဆင်ရေး တစ်ခါလုပ်ခဲ့ပါတယ်။
ဒါက သိပ်ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ထဲမှာ လူစိမ်း၊ သူစိမ်းတွေများ ရောက်နေသလား စစ်လိုက်တဲ့အခါမှာ လုပ်တယ်။ စစ်တော့ တချို့ကကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ အဲဒီမှာ ဟင်္သာ စီမံချက်နဲ့ ပြန်လက်ခံတာ။ ဒီလိုလုပ်ငန်းတွေ ရှိခဲ့တယ်''ဟု ပြောပါသည်။ ဆက်လက်၍ ''အခုလည်း ဒီလိုလုပ်ငန်းတွေလိုပဲ ပြဿနာဖြစ်တဲ့အခါမှာ စစ်တာပါ။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၆၇ ခုမှာရှိတဲ့လူတွေနဲ့ ကျန်တဲ့စစ်လို့ရတဲ့နေရာတွေ အကုန်လုံး ပြန်စစ်နေပါတယ်။ အတုတွေ့ရင် criminal case အနေနဲ့ သွားမှာပါ။ အတုကိုင်တာတို့ လိမ်လည်တာတို့စတဲ့ ကိစ္စတွေကို ရာဇသတ်ကြီးနဲ့ဆိုင်တဲ့ ပုဒ်မတွေအတိုင်း တရားစွဲဆို အရေးယူသွားမှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
Ref: Eleven
