Log in Register

Log in

အမေရိကန်ပြည်ထောင်စု

HIV- AIDS ရံပုံငွေ နိဗ္ဗာန်ဈေးပွဲတော်ကို ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် PS -12, 7200, Woodside Avenue, Woodside, NY 11377 ၌ စုပေါင်း ကျင်းပမည်ဖြစ်ပါသည်။  နိဗ္ဗာန်ဈေးပွဲတော်တွင်   ကော်ရည်ခေါက်ဆွဲ၊ ပဲကပ်ကြော်  အုန်းနို့ခေါက်ဆွဲ၊ ပုဇွန်ခွက်ကြော် ၊  ထမင်းချဉ်၊  နန်းကြီးသုပ် ၊ ကြာဆံချက် ၊၀က်သားတုတ်ထိုး၊ မလေးရှားခေါက်ဆွဲ ၊သာကူကျို၊ မြန်မာလဘက်ရည်နှင့် မြန်မာ မုန့်  အအေးစုံကို သုံးဆောင်နိုင်ပြီ့း် ဧည့်ပရိသတ်များအား   နယူးယောက်မြို့ Exit တီးဝိုင်းအဖွဲ့ လူငယ်များ၏ ကိုယ်ပိုင်သံစဉ်တေးများ၊ ယိမ်းအဖွဲ့၏ ယိမ်းအကများအပြင် မြန်မာဆီမီးခွက်အက၊ ရာမအကများဖြင့်လည်း စည်ကားတိုက်မြိုက်စွာ စုပေါင်း ကျင်းပမည်ဖြစ်ပါကြောင်း  သတင်းရရှိပါသည်။  HIV- AIDS ဝေဒနာရှင်များအတွက် ရံပုံငွေ ဈေးရောင်းပွဲတော်နှင့် ပက်သက်၍  ဦးဉာဏိန္ဒ (၄၀၄-၇၈၉-၉၃၇၆)၊ကိုဇော် (YGN PHOTO)၇၃၂.၉၇၉.၄၈၄၈၊ကိုရင်ထွေးဆွေ (၆၂၆-၃၁၅-၄၈၉၈)၊မသင်းသင်းမော် (၃၄၇-၃၄၀-၄၁၇၇)၊မသက်မာဝင်း၉၁၇-၃၁၉-၂၆၂၇) အပြင် Exit တေးဂီတအဖွဲ့နှင့် ပတ်သက်၍ ကိုဝင်းမင်း (၃၄၇-၅၅၂-၇၂၃၇) သို့ဆက်သွယ်နိုင်ပါသည်။

နယူးယောက် ။    ။ အဝေးတနေရာ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၀ရက် စနေနေ့  ညနေ ၆း၃၀ မှ ၁၀း၃၀ အထိ LaGuardia Performing Arts Center, 31-10 Thomson Avenue, Long Island, Queens, NY 11101 တွင် ကျင်းပမည်ဟု သတင်းရရှိပါသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် အကယ်ဒမီ စိုးသူ၊ နိုင်းနိုင်း၊ မေဆွိ၊ မီမီဝင်းဖေ၊ ရတနာဦး၊ အေးချမ်းမေတို့ပါဝင် သီဆိုပြီး အကပညာရှင်များပါ ပါဝင်ဖျော်ဖြေမည်ဟု သတင်းရရှိပါသည်။  Read more...

အောက်တိုဘာ ၂၄၊ ၂၀၁၀။ ခနှင့်မြ (Kha & Mra) မှစီစဉ်သော နေ့လည်စာဖြင့်တည်ခင်းဧည့်ခံမည့် တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၂၄ရက်၊ ၂၀၁၀ခုနှစ် နံနက် ၁၁း၃၀ မှ ညနေ ၄း၀၀ နာရီအထိ ခရစ်တယ်ပဲလေ့စ် စားသောက်ဆိုင်တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ အကယ်ဒမီချိုပြုံး၊ လားရှိုးသိန်းအောင်၊ Krystal နှင့် San Francisco မှ ဧည့်သည်အဆိုရှင်တစ်ဦးတို့ ပါဝင်ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာ ၂၃၊ ၂၀၁၀။ အမေရိကန်နိုင်င အရှေ့ပိုင်း သံဃာတော်များ သံဃပဝါရဏာပွဲတော်ကို Maryland ပြည်နယ် Silver Spring မြို့ရှိ Burma America Buddhist Association မင်္ဂလာရာမကျောင်းတိုက်တွင် ကျင်းပခဲ့ကျောင်းသတင်းရရှိပါသည်။

ဝိနည်းမှာသိမ်၊ သဒ္ဒါမှာလိင်၊ အလှူမှာကထိန်ဟု ဆိုရိုးပြုကြသော အမြတ်ဆုံး ကထိန်သင်္ကန်း လှူဒါန်းရသည့် ကထိန်ပွဲတော်ကြီးကို ကျင်းပ၍ စုပေါင်းလှူဒါန်း တရားနာ ရေစက်ချ  အမျှပေးဝေနိုင်ရန် Queens ဝိသုဒ္ဓါရုံ ဓမ္မရံသီကျောင်း 42-15, 74th Street, Elmhurst, NY 11373 တွင် နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၀ နံနက် ၁၀ နာရီမှ ညနေ ၃နာရီအထိ ကထိန်ပွဲကို ကျင်းပမည်းဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါသည်။  အဆိုပါပွဲတွင် ဦးတင်မောင်ဦး+ဒေါ်ကြည်ကြည်ဆွေဦး၊ ကိုဆန်းဦး+Karen Oo၊ ကိုစိုးနိုင်+မသင်းစပါယ်ဦး၊ ကိုမြတ်မင်း+မမြတ်ကေသီတို့မှ ကော်ရည်ခေါက်ဆွဲ၊ မြန်မာမုန့်၊ အချိုရည်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးမည်ဟု သတင်းရရှိပါသည်။

Page 6 of 13

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top