အိုင်ရင်း (Irene) မုန်တိုင်းဒဏ်အား ရင်ဆိုင်ရန် နယူးယောက်ခ်တွင် ကြိုတင်ပြင်ဆင်မှု
Written by Phyu May Khinလေပြင်းမုန်တိုင်းကြောင့် နယူးယောက်ခ်မြို့နယ် ၅ ခုလုံး ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများလဲကျခြင်း၊ ဓါတ်ကြိုးများ ပြတ်ကျခြင်းများကြောင့် လျှပ်စစ်မီး ပျက်ကျနိုင်သောကြောင့် Con Edison လုပ်သားများသည် အလျင်အမြန်ပြုပြင်ပေးပြီး ပြည်သူလူထုများ အလျင်အမြန် လျှပ်စစ်မီး ပြန်လည်ရရှိနိင်ရန် မုန်တိုင်းမဝင်ခင် ယခုအခါတွင် လိုအပ်သော လျှပ်စစ်ကြိုးပိုက်ခေါင်းများ၊ transformers များ၊ ဓါတ်ကြိုးများအား နယူးယောက်ခ်မြို့နယ် ၅ ခုလုံး ရှိ လျှပ်စစ် ဌာနများသို့ လိုက်လံပေးပို့နေပါသည်။
ထို့အပြင် အိုင်ရင်း မုန်တိုင်း ဝင်ရောက်လာချိန်တွင် အချို့သော လျှပ်စစ်ဓါတ်အားပုံးများ အချိန်ယူ ပြန်လဲပြုပြင်ရမည် ဖြစ်သောကြောင့် သော်လည်းကောင်း၊ ပျက်စီး၍ အန္တရာယ်ရှိမည် စိုးသောကြောင့် Zone A နှင့် မြေနိမ့်ပိုင်း နေအိမ်များအား ဂတ်(စ်)၊ လျှပ်စစ်မီးများအား လိုအပ်လျှင် ခေတ္တခဏ ရပ်တန့်မည်ဟု Con Edison မှပြောကြားခဲ့ပါသည်။ နယူးယောက်ခ်မြို့ ရှိ ဂတ်(စ်)ပိုက်လိုင်း၊ လျှပ်စစ်မီးပိုက်လိုင်း အများစုသည် မြေအောက် တွင် ဖြစ်နေသောကြောင့် အိုင်ရင်း မုန်တိုင်း ပင်လယ်ရေငံများ ဝင်ရောက်လာခဲ့သည်ရှိသော် ပျက်စီးနိုင်ပြီး အန္တရာယ် ရှိနိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
မုန်တိုင်းအပြီးတွင် မီးပျက်သွားသောနေရာများအား ချက်ချင်းလိုက်လံ ပြုပြင်သွားမည်ဖြစ်ပါသည်။ ရေအရမ်းကြီးသောနေရာများမှ ပျက်စီးသွားသော လျှပ်စစ်ပစ္စည်းများအား Con Edison လုပ်သားများ ဓါတ်လိုက်ခြင်းအန္တရာယ်မှ ကင်းလွတ်ရန် ရေများကျသွားပြီး လျှပ်စစ်ပစ္စည်းများ ခြောက်သွေ့မှ ဝင်ရောက်ပြုပြင်နိုင်မည်ဖြစ်ပါသည်။ ဤသို့ ပြန်လဲပြုပြင်ရာတွင် အများပြည်သူအတွက် လိုအပ်သော ဆေးရုံများ၊ ပြည်သူ့ရဲစခန်းများ၊ မီးသတ်ဌာနများ၊ လမ်းပမ်းဆက်သွယ်ရေးဌာနများ၊ ရေမြောင်း၊ ရေစုပ်ဌာနများအား ဦးစားပေး ပြုပြင်သွားမည်ဖြစ်ပါသည်။
သင့်နေအိမ် Service မရှိတော့ခြင်း၊ မီးပျက်ခြင်းအား၊ အကြောင်းကြားလိုလျှင် www.conEd.com. သို့ဝင်ရောက်၍သော်လည်းကောင်း၊ 1-800-75-CONED (1-800-752-6633) အား ဖုန်းဆက်၍သော်လည်းကောင်း အကြောင်းကြားနိုင်ပါသည်။ ဖုန်းဆက်အကြောင်းကြားရာတွင် အချိန် နှောင့်နှေးမူ မရှိအောင် သင်၏ အကောင့်နံပါတ်များ အဆင့်အသင့်ရှိနေပါစေ။
ပို့လေး (မြန်မာသတင်းရပ်ဝန်း)
