Log in Register

Log in

 

အိုင်ရင်း မုန်တိုင်း ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် Carolinas မှ Maine ရှိ မုန်တိုင်းဒဏ် ထိခိုက်နိုင်သည့် လူဦးရေမှာ ခန့်မှန်းခြေ ၁၀ သန်းခန့် ရှိပါသည်။ ယခုအချိန်ထိ မုန်တိုင်းဒဏ်ကြောင့် ၁၄ ဦး၊ တစ်သန်းခန့် မီးမရရှိတော့ကြောင်း ခန့်မှန်းရပါသည်။ ၁.၃ သန်းခန့် အိမ်ခြေများမှ ပြည်သူလူထုအား မုန်တိုင်းအန္တရာယ်ဘေးကင်းရာသို့ ပြောင်းရွှေ့ရပါသည်။ ဗာဂျီးနီးယား၊ ဒဲယ်လဲဝဲ၊ နယူးယောက်ခ်၊ နယူးဂျာစီ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ပင်လယ်လှိုင်းလုံးကြီးများသည် အမြင့်ပေ ခုနစ်ပေမျှ ရှိပြီး ပင်လယ်ရေပြင်အမြင့် ၁၁ ပေ (သို့) ၁၅ ပေမျှ မြင့်နိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြပါသည်။

မြောက်ကယ်ရိုလိုင်းနား - သြဂုတ်လ ၂၇ ရက် စနေနေ့တွင် အိုင်ရင်း မုန်တိုင်း Category 2 ဒဏ်ကြောင့် မြောက်ကယ်ရိုလိုင်းနားတွင် ရေကြီးခြင်း၊ သစ်ပင်ကြီးများလဲပြိုခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းများဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ မုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၅ ဦးခန့် သေဆုံးပြီးကြောင်း သတင်းရရှိခဲ့ပါသည်။ တစ်နာရီ မိုင် ၆၀ နှုန်းဖြင့် တိုက်ခတ်နေသော လေပြင်းမုန်တိုင်းအောက်တွင် မုန်တိုင်း ဒုက္ခသည်များအား သွားရောက်ကယ်ဆယ်ရန် ခက်ခက်ခဲခဲလမ်းလျှောက်ရကြောင်း ကယ်ဆယ်ရေး မီးသတ်ဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့ပါသည်။ ကားပေါင်း ထောင်နှင့်ချီ၍ လေပြင်းမုန်တိုင်းကြောင့် သစ်ပင်ကြီးများလဲပြိုမူအောက်တွင် ကျရောက်ခဲ့ရပါသည်။ အလားတူ အမျိုးသမီးတစ်ဦးသည် မိမိ၏အမျိုးသား၊ ကလေးနှင့် ကားမောင်းနေစဉ် သစ်ပင်ကြီး တစ်ပင် မိမိမောင်းနှင်နေသော ကားပေါ်သို့ လဲကျလာသောကြောင့် သစ်ပင်ပိ၍ သေဆုံးသွားရပါသည်။ အမျိုးသားဖြစ်သူနှင့် ကလေးငယ်မှာ အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ပါသည်။ ထို့အတူ ၁၁ နှစ်အရွယ် သားယောက်ျားလေးသည်လဲ မိမိနေအိမ်ခေါင်မိုးပေါ်သို့ ပြိုကျလာသော သစ်ပင်ပိ၍ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ မုန်တိုင်းဝင်ရောက်တိုက်ခတ်မူကြောင့် လုပ်ငန်းပိုင်ရှင်များနှင့်အိမ်ခြေ စုစုပေါင်း ၆ သိန်းခန့် လျှပ်စစ်မီးများ မရရှိကြောင်း သိရှိရပါသည်။

ဗာဂျီးနီးယား - မုန်တိုင်းဒဏ်ကြောင့် ရုတ်တရက် မီးပွိုင့်ပျက်သွားသောကြောင့် ကားနှစ်စီး ယာဉ်တိုက်မူဖြစ်ပွားရာတွင် ၁၅ နှစ် အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့ရပါသည်။ ထို့အတူ သစ်ပင်ပိပြီး ပိတ်မိနေသော ကားတွင်းမှ အမျိုးသားကြီးတစ်ဦးအား ကယ်ဆယ်ရေးအသင်းက ကယ်ထုတ်ယူရန် ကြိုးစားနေစဉ် heart attack ရကာ အချိန်မီ ဆေးကုသမူမရရှိသောကြောင့် သေဆုံးသွားခဲ့ပါသည်။ လုပ်ငန်းပိုင်ရှင်များနှင့်အိမ်ခြေ စုစုပေါင်း ၉ သိန်းခန့် လျှပ်စစ်မီးများ မရရှိကြောင်း သိရှိရပါသည်။

နယူးယောက်ခ် - ယခုအခါ အိုင်ရင်းမုန်းတိုင်း နယူးယောက်ခ်သို့ဝင်ရောက်တိုက်ခိုက်နေပြီးဖြစ်ပြီး နေ့လည် ၂ နာခန့်တွင် ပိုမိုအားပြင်းလာမည် ဖြစ်ပါသည်။ ယခုအချိန် မုန်တိုင်းအစပိုင်းတွင် Staten Island တွင် ၈၄၀၂, Queens တွင် ၃၀၀၀၊ Brooklyn တွင် ၅၀၀၀၊ Manhattan တွင် ၁၅ အိမ်ခြေ စုစုပေါင်း အိမ်ခြေ နှစ်သောင်းခန့် လျှပ်စစ်မီး ပြတ်တောက်သွားနိင်ကြောင်း Con Edison Website ကပြောကြားခဲ့ပါသည်။ မြောက်ကယ်ရိုလိုင်းနားတွင် ဝင်ရောက် တိုက်ခဲ့သော မုန်တိုင်းနှုန်းထားအတိုင်း နယူးယောက်ခ်အား ဝင်ရောက်တိုက်ခတ်ပါက ပျက်စီးမှုနှုန်းထား ပိုမိုများပြားမည်ဟု မီးသတ်အရာရှိကြီး တိုမီ ပန်(ဒ်)လီ ကပြောကြားခဲ့ပါသည်။ မီးရထားလမ်းများ၊ ဘတ်(စ်)ကားများ၊ အဝေးပြေးကား၊ ရထားများ၊ လေယာဉ်ကွင်းများ ယမန့်နေ့က စ၍ ခေတ္တာ ယာယီ ပိတ်ထားလိုက်ပါသည်။ လေကြောင်းကုမ္ပဏီများမှာ မုန်တိုင်းအပြီး သြဂုတ်လ ၂၉ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိင်မည်ဖြစ်သော်လည်း မီးရထား လမ်းများ၊ ဘတ်(စ်)ကားများ၊ အဝေးပြေးကား၊ ရထားများ ပျက်စီးမူအခြေအနေပေါ်မူတည်၍ ပြန်လည်ဖွင့်လှစ်နိင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လေပြင်းမုန်တိုင်းကြောင့် နယူးယောက်ခ်မြို့နယ် ၅ ခုလုံး ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများလဲကျခြင်း၊ ဓါတ်ကြိုးများ ပြတ်ကျခြင်းများကြောင့် လျှပ်စစ်မီး ပြတ်ကျနိုင်သောကြောင့် Con Edison လုပ်သားများသည် အလျှင်အမြန်ပြုပြင်ပေးပြီး ပြည်သူလူထုများ အလျှင်အမြန် လျှပ်စစ်မီး ပြန်လဲရရှိနိင်ရန် မုန်တိုင်းမဝင်ခင် ယခုအခါတွင် လိုအပ်သော လျှပ်စစ်ကြိုးပိုက်ခေါင်းများ၊ transformers များ၊ ဓါတ်ကြိုးများအား နယူးယောက်ခ်မြို့နယ် ၅ ခုလုံး ရှိ လျှပ်စစ်ဌာနများသို့ လိုက်လံပေးပို့နေပါသည်။ ထို့အပြင် အိုင်ရင်း မုန်တိုင်း ဝင်ရောက်လာချိန်တွင် အချို့သော လျှပ်စစ်ဓါတ်အားပုံးများ အချိန်ယူ ပြန်လဲပြုပြင် ရမည်ဖြစ်သောကြောင့် သော်လည်းကောင်း၊ ပျက်စီး၍ အန္တရာယ်ရှိမည်စိုးသောကြောင့် Zone A နှင့် မြေနိမ့်ပိုင်း နေအိမ်များအား ဂါတ်(စ်)၊ လျှပ်စစ်မီးများအား လိုအပ်လျှင် ခေတ္တခဏ ရပ်တန့်မည်ဟု Con Edison မှပြောကြားခဲ့ပါသည်။ နယူးယောက်ခ်မြို့ ရှိ ဂါတ်(စ်)ပိုက်လိုင်း၊ လျှပ်စစ်မီးပိုက် လိုင်းအများစုသည် မြေအောက်တွင် ဖြစ်နေသောကြောင့် အိုင်ရင်း မုန်တိုင်း ပင်လယ်ရေငံများ ဝင်ရောက်လာခဲ့သည်ရှိသော် ပျက်စီးနိင်ပြီး အန္တရာယ် ရှိနိင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

မုန်တိုင်းအပြီးတွင် မီးပျက်သွားသောနေရာများအား အားချင်းလိုက်လံ ပြုပြင်သွားမည်ဖြစ်ပါသည်။ ရေအရမ်းကြီးသောနေရာများမှ ပျက်စီးသွားသော် လျှပ်စစ်ပစ္စည်းများအား Con Edison လုပ်သားများ ဓါတ်လိုက်ခြင်းအန္တရာယ်မှ ကင်းလွတ်ရန် ရေများကျသွားပြီး လျှပ်စစ်ပစ္စည်းများ ခြောက်သွေ့မှ ဝင်ရောက်ပြုပြင်နိုင်မည်ဖြစ်ပါသည်။ ဤသို့ ပြန်လဲပြုပြင်ရာတွင် အများပြည်သူအတွက် လိုအပ်သော ဆေးရုံများ၊ ပြည်သူ့ရဲစခန်းများ၊ မီးသတ်ဌာနများ၊ လမ်းပမ်းဆက်သွယ်ရေးဌာနများ၊ ရေမြောင်း၊ ရေစုပ်ဌာနများ အားဦးစားပေး ပြုပြင်သွားမည်ဖြစ်ပါသည်။

သင့်နေအိမ် Service မရှိတော့ခြင်း၊ မီးပျက်ခြင်းအား၊ အကြောင်းကြားလိုလျှင် www.conEd.com. သို့ဝင်ရောက်၍သော်၎င်း၊ 1-800-75-CONED (1-800-752-6633) အား ဖုန်းဆက်၍သော်လည်းကောင်း အကြောင်းကြားနိုင်ပါသည်။ ဖုန်းဆက်အကြောင်းကြားရာတွင် အချိန်နှောင့်နှေးမူမရှိအောင် သင့်၏ အကောင့်နံပါတ်များ အဆင့်အသင့်ရှိနေပါစေ။

အရှေ့ပိုင်းကမ်းနားရှိ နယူးယောက်နှင့် နယူးအင်္ဂလန် မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေနှင့် လုပ်ငန်းစုစုပေါင်း ၂ သန်းခန့် လျှပ်စစ်မီးပြတ်တောက် သွားမည်ဟု လျှပ်စစ်ကုမ္ပဏီများက စာရင်းထုတ်ပြန်ခဲ့ပါသည်။

BALTIMORE BGE (Constellation) တွင် ၂၉၉၃၈၉

DELAWARE/MARYLAND/VIRGINA DELMARVA POWER (Pepco) တွင် ၉၃၇၈၃

LONG ISLAND LONG ISLAND POWER AUTHORITY (LIPA) တွင် ၅၂၈၅၀

MARYLAND DELMARVA POWER (Pepco) တွင် ၁၈၀၁၉၉

NEW JERSEY ATLANTIC CITY GEn (Pepco) တွင် ၁၀၅၄၀၄

NEW JERSEY PSEG တွင် ၈၉၀၀၀

NORTH CAROLINA PROGRESS ENERGY တွင် ၁၈၉၇၉၅

NORTH CAROLINA DOMINION RESOURCES တွင် ၉၃၂၀၆

VIRGINIA DOMINION RESOURCES တွင် ၈၂၁၉၀၂

NEW YORK CITY CON ED တွင် ၂၆၆၃၁

CONNECTICUT CONNECTICUT LIGHT & POWER တွင် ၁၃၂၀၄

WEST VA/PA/MARYLAND ALLEGHENY POWER တွင် ၄၁၉၂

----------------------------------------------------------------------------

စုစုပေါင်း - ၂၀၃၈၅၉၇

ပို့လေး (မြန်မာသတင်းရပ်ဝန်း)

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top