Log in Register

Log in

ချက်နည်းပြုတ်နည်း

ပါဝင်သောပစ္စည်းများ

အမဲသား၊

ချင်း၊

ကြက်သွန်ဖြူ၊

ဟင်းခတ်အမွှေးအကြိုင်၊

ဖက်ဖယ်ရွက်၊

ပင်စိမ်း၊

ကျောက်ချင်း၊

ငရုတ်သီးစိမ်း၊

ချဉ်စော်ခါးသီး။

ပြုလုပ်နည်းအဆင့်ဆင့်

သန့်စင်ထားတဲ့ အမဲသားကိုတောက် တောက်စဉ်းပြီး ဆား၊ အသားမှုန့် တို့နဲ့ နယ် ထားပါ။ ချင်းနဲ့ကြက်သွန်ဖြူကို ညက်နေ အောင် ထောင်းပြီး အမဲသားနဲ့ သမအောင်နယ်ပါ။

ပြီးရင် အိုးထဲကိုထည့်ပြီး လုံးချက်ပါ။နုပ်နုပ်စဉ်းထားတဲ့ ဖက်ဖယ်ရွက်၊ ပင် စိမ်းနဲ့ ချဉ်စော်ခါးသီးတို့ကို ခဏကြာ ရင်ထပ်ထည့်ပြီး ရေ နည်းနည်းထည့်ထားပါ။

အမဲသားနူးလောက်ပြီ ဆိုရင်တော့ ကျောက်ချင်းကို ပါးပါးလှီးပြီး အပေါ် က ဖြူးလိုက်ရုံပါပဲ။

ဒါဆိုရင် အရသာပြည့်စုံတဲ့ အမဲ ကချင်ချက်ဟင်းကို ရပါပြီ။ ဒါပေမယ့် ဒီဟင်းကို ချက်တဲ့အခါ ဆီလုံးဝမထည့် ရပါဘူး။

Ref: Myanmar Times

Page 1 of 357

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top