ချဉ်ချဉ်စပ်စပ် ကဏန်းဟင်း
Written by ဂျူလိုင်မိုး
ပါဝင်ပစ္စည်းများ
ကဏန်းအမာ၊
ပင်စိမ်း၊
ကြက်သွန်ဖြူ/နီ၊
ကော်မှုန့်၊
ခရမ်းချဉ်သီး၊
ခရမ်းချဉ်ဆော့စ်၊
ငရုတ်သီးစိမ်း၊
ရှောက်သီး၊
ငရုတ်ချဉ်စပ်ဆော့စ်၊
စွပ်ပြုတ်ရည်၊
ကြက်သားမှုန့်၊
သကြား၊
ဆီ၊
ဆား။
ပြုလုပ်နည်း
ကဏန်းကို သန့်စင်ပြီး ခပ်ကြီးကြီး အတုံးတွေတုံးပါ။
ပြီးရင် ချိုငန်အရသာ ၀င်အောင် နယ်ထားလိုက်ပါ။
ခရမ်း ချဉ်သီးနဲ့ ငရုတ်သီးကို ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ၊နီကို နုတ်နုတ်စင်း ထားပါ။
အားလုံးအဆင့်သင့်ဖြစ်ပြီဆိုရင်၊ဒယ် အိုးထဲကို ကဏန်းမြုပ်ရုံ ဆီထည့်ပြီး ကြော်ပါ။
စိတ်ကြိုက်အနေအထားရရင် ကဏန်းကိုဆယ်ပြီး ဆီစစ်ထားပါ။
ဟင်းချက်ဖို့အတွက် ဒယ်အိုးထဲ ဆီ အနည်းငယ်ထည့်ပြီး နုတ်နုတ်စဉ်း၊ ပါး ပါးလှီးထားတာတဲ့အနှစ်တွေ အကုန် ထည့်ချက်ပါ။
စွတ်ပြုတ်ရည် အနည်းငယ်ထည့်ပါ။
ဆီသတ်နံ့မွှေးလာပြီဆိုရင် ကဏန်းထည့်ပါ။
အရသာအနေ တော်ဖြစ်ပြီဆိုရင် ကော်မှုန့်အနည်း ငယ်ကို ရေဖျော်ပြီးထည့်ပါ။
ခဏကြာလို့ အရသာမြည်းကြည့်ပြီး စိတ်ကြိုက် ဖြစ်ပြီဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။
Ref : Myanmar Times
