Log in Register

Log in

 

ပါဝင်သောပစ္စည်းများ

အာလူး၊

ရှမ်းဆန်၊

ခရမ်းချဉ်သီး၊

ကြက်သွန်ဖြူကြော်၊

ငရုတ်သီးဆီကြော်၊

ဆား၊

နနွင်း၊

ဟင်းခတ်မှုန့်၊

ဂျူးမြစ်၊

တို့ဟူးချောင်းကြော်၊

မြေပဲကြော်။

ပြုလုပ်နည်း

ရှမ်းဆန်ကို သိပ်မပျော့အောင် ချက်ထားပါ။ အာလူးကို နူးနေအောင်ပြုတ်၊ အခွံနွှာပြီး ထောင်းထားပါ။ ခရမ်းချဉ်သီးကို နနွင်းနည်းနည်းထည့်ပြီး အလုံးလိုက် နူးအိနေအောင် ပြုတ်ထားပါ။ ထမင်းနယ်ပြင်ဆင်ဖို့အတွက် ပန်းကန်ပြားထဲ ထမင်း ထည့်ပြီး ခရမ်းချဉ်သီးကို အရည်ညှစ်ထည့်ပါ။

ဆီ နည်းနည်းနဲ့ ချိုငန်အရသာထည့်ပြီး အာလူးနဲ့ ရောနယ်ပါ။ အရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင် စားချင်စဖွယ်ပုံစံလေးဖြစ် အောင် နယ်ထားတဲ့ ထမင်းကို ပန်းကန်လုံးပုံစံလေးလုံး လိုက်ပါ။ ပြီးမှ ပိုပြီးသတ်သတ်ဖြစ်သွားအောင် အပေါ်က ပန်းကန်လုံးအုပ်ပြီး ထပ်ဖိပုံသွင်းပေးလိုက်ပါ။ အဆင်သင့်ဖြစ်ရင်တော့ ထမင်းပေါ်ကို ငရုတ်သီးဆီကြော် ဆမ်းပြီး ကြက်သွန်ဖြူကြော် ဖြူးပေးပါ။

အာလူး ထမင်းနယ်နဲ့လိုက်ဖက်တဲ့ ဂျူးမြစ်၊ မြေပဲကြော်၊ တိုဟူး ချောင်းကြော်တို့နဲ့ တွဲဖက်သုံးဆောင်ပါ။

Ref : Myanmar Times

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top