အားကစားကဏ္ဍ
အာရှအမျိုးသမီးခြေစစ်ပွဲတွင် ပါလက်စတိုင်း၊ အိန္ဒိယ၊ တရုတ်(တိုင်ပေ)နှင့် မြန်မာ တွေ့ဆုံ
Written by 7 Day News Journal၂၀၁၄ အာရှအမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ (2014 AFC Womens''s Asian Cup Qualification)တွင် မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အုပ်စု(ဃ)၌ ပါလက်စတိုင်း၊ အိန္ဒိယ၊ တရုတ်(တိုင်ပေ) အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
Read more...မန္တလေးတွင် ယှဉ်ပြိုင်မည့် စောငမန်းနှင့် မြနန်းတော်
Written by 7 Day News Journalစောငမန်းနှင့် မြနန်းတော်တို့ ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာပြည် ချန်ပီယံလုပွဲကို မတ်လ ၂၉ ရက်တွင် မန္တလေးမြို့ အောင်မြေမန္တလာ အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။
Read more...AFC ဖလားပြိုင်ပွဲတွင် ရန်ကုန်အသင်း အနိုင်ရသော်လည်း ဧရာဝတီ နှစ်ပွဲဆက်တိုက်ရှုံး
Written by 7 Day News Journal၂၀၁၃ အေအက်ဖ်စီဖလားပြိုင်ပွဲ၏ အုပ်စုဒုတိယပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်အသင်းက နိုင်ပွဲဆက်ခဲ့သော်လည်း ဧရာဝတီယူနိုက်တက်အသင်းမှာမူ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရသည်။
Read more...အာရှ ယူ-၁၄ အာဆီယံဇုန်ခြေစစ်ပွဲ နေပြည်တော် ကွင်းသစ်များတွင် ကျင်းပမည်
Written by 7 Day News Journalအာရှဘောလုံးအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် 2014 AFC U-14 Championship အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲများထဲမှ အာဆီယံဇုန်ခြေစစ်ပွဲစဉ်များကို နေပြည်တော်ရှိ ဆီးဂိမ်းအတွက် ဆောက်လုပ်ထားသည့် အားကစားကွင်းသစ်များတွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Read more...“ဘ၀င်မြင့်တယ်လို့ထင်တယ်ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်”
Written by 7 Day News Journalမြန်မာဘောလုံးအသင်း တတိယဆုရရှိခဲ့သည့် ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းပြသခဲ့သော ကျော်ကိုကိုသည် တိုက်စစ်ကစားသမား ရှားပါးနေသည့် မြန်မာနိုင်ငံ၌ ပရိသတ်များက ၎င်းကို များစွာ မျှော်မှန်းခဲ့ကြသည်။ ၎င်းသည် အာရှ ယူ-၂၂ ခြေစစ်ပွဲစဉ်တွင်လည်း ခြေစွမ်းပြသခဲ့သူဖြစ်ပြီး အဆိုပါ ပွဲစဉ်၌ ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့သည်။ AFC Challenge Cup ခြေစစ်ပွဲစဉ်များတွင် ပရိသတ်များက ကျော်ကိုကို၏ ခြေစွမ်းကို ပြန်လည် ကြည့်ရှုခွင့်ရရန် မျှော်မှန်းခဲ့ကြသော်လည်း နည်းပြအဖွဲ့အား စော်ကားသည့် အပြုအမူများကြောင့် ကျော်ကိုကိုအား လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခဲ့သည်။ ကျော်ကိုကို၏ အပြုအမူများအတွက် ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက နှစ်လ ပွဲပယ်ပြစ်ဒဏ်နှင့် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကလည်း ပြင်းထန်စွာ သတိပေးခဲ့ပြီး လစာငွေ တစ်လစာ ဒဏ်ကြေးငွေ ချမှတ်ခဲ့သည်။ ထို့ကြောင့် ကျော်ကိုကို၏ ဖြစ်ရပ်အပေါ် အများက စိတ်ဝင်စားမှုရှိသဖြင့် တိုက်စစ်မှူး ကျော်ကိုကိုအား 7Day News က သွားရောက်မေးမြန်းသည်များထဲမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
Read more...