လီဗာပူးနည်းပြ ဒဲဂလစ်ရှ်ကို နည်းပြအဖြစ်မှ ထုတ်ပယ် မာတီနက်ဇ်၊ ဘင်နီတက်ဇ်နှင့် အလန်ဂျူပါးတို့ နည်းပြအဖြစ် ရေပန်းစားနေ
Written by ဂျူလိုင်မိုး
လီဗာပူးအသင်းပိုင်ရှင်များသည် နည်းပြကင်နီဒဲဂလစ်ရှ်အား အသင်းမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။ လီဗာပူးအသင်းသည် ကားလင်းဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် ရလဒ်များ ဆိုးရွားခဲ့မှုကြောင့် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ်ဘောလုံးရာသီကုန်ဆုံးပြီးနောက် ဒဲဂလစ်ရှ်သည် အသင်းပိုင်ရှင်များအား ၎င်းတို့နေထိုင်ရာ အမေရိကတွင် သွားရောက်တွေ့ဆုံပြီး နှစ်ရက်အကြာတွင် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
ဒဲဂလစ်ရှ်လက်ထက်တွင် အသင်းပိုင်ရှင်များသည် ပေါင်သန်း ၁၀၀ကျော်သုံးစွဲကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကို အဓိကပစ်မှတ်ထားကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် လီဗာပူးသည် ခြောက်နှစ်အတွင်း ကားလင်းဖလားတစ်လုံးကိုသာ ရရှိခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ချဲလ်ဆီးအသင်းကို အရေးနိမ့်ခဲ့ရသလို ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင်လည်း မြို့ခံပြိုင်ဘက် အဲဗာတန်အသင်း၏ အောက်တွင် ရပ်တည်ခဲ့ရသည်။
လီဗာပူးအသင်း၏ ပိုင်ရှင်တစ်ဦးဖြစ်သူ ဝါနာက ဒဲဂလစ်ရှ်အား ထုတ်ပယ်ရန် မိမိတို့ ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ယခုအခါ နည်းပြလက်မဲ့ဖြစ်နေသည့် လီဗာပူးအသင်းအတွက် ဝီဂန်နည်းပြ မာတီနက်ဇ်က ထိပ်ဆုံးမှ ရေပန်းစားနေပြီး ဘင်နီတက်ဇ်နှင့် နယူးကာဆယ်နည်းပြ ပါဂျူးလည်းပါဝင်သည်။
Ref: Commerce
