Log in Register

Log in

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ဂိုးသမားဖြစ်သူ မြဖူးငုံသည် ညာဒူးအရွက် ထိခိုက်မှုဒဏ်ရာကို ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ရုံတွင် သွားရောက်ဆေးကုသမှု ခံယူခဲ့ပြီးနောက် ထပ်မံ ပြသခဲ့ရာ ကာလရှည်အနားယူရန် လိုအပ်ဦးမည်ဖြစ်ကြောင်း သိရသည်။

မြဖူးငုံသည် အမျိုးသမီးလက်ရွေးစင်အသင်းအတွက် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ယခုအခါတွင် ချိုင်းထောက် အကူအညီဖြင့်သာ အသင်းနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဖူးငုံသည် ပအို့ဝ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ယူ-၁၉အသင်းတွင် ရွေးချယ်ခံရပြီး ယခုနှစ်တွင် လက်ရွေးစင်အသင်း၌ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်း၏ ဒူးဒဏ်ရာကို တစ်လတစ်ကြိမ်သွားရောက်ပြသရမည်ဖြစ်ပြီး ယခုနှစ်အတွင်း ကျင်းပမည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲနှင့် လွဲချော်ရတော့မည်ဖြစ်သည်။

Ref: Commerce

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top