Log in Register

Log in

 

အင်္ဂလန်၏ အဓိက တိုက်စစ်ဖြစ်လာမည့် ကာရိုးလ်

အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန် အနေဖြင့် ၎င်း၏ အသင်းအတွက် တိုက်စစ် တာဝန်အတွက် အန်ဒီကာရိုးလ် အပေါ် အပြည့်အ၀ အားကိုးအားထား ပြုလာဖွယ် ရှိနေကြောင်း သိရသည်။

အသက်(၂၃)နှစ်ရှိ တိုက်စစ်မှူးသည် ယခုရာသီ အစောပိုင်းနှင့် အလယ်ပိုင်း ကာလများတွင် လီဗာပူးလ်၌ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန် ခဲ့ရသည့်တိုင် ရာသီ သိမ်းချိန်တွင် အသင်း တိုက်စစ်၌ အခရာ အကျဆုံး ကြယ်ပွင့်တစ်ဦး ဖြစ်လာသည်။ ကာရိုးလ်သည် ကြံ့ခိုင်မှု ပြည့်ဝ လာခြင်းနှင့် အတူ ခြေစွမ်း ထက်မြက်သူ တစ်ဦးအဖြစ် သက်သေ ပြနိုင်ခြင်းကြောင့် ၀ိန်းရွန်နီ ပွဲပယ် ခံရသော အုပ်စု ပွဲစဉ်များတွင် ဟော့ဂ်ဆန်က ၎င်းကို တိုက်စစ်အတွက် အားပြုရန် စဉ်းစားလျှက် ရှိသည်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရွန်နီသည် အုပ်စုအဖွင့် ပွဲစဉ်(၂)ခုကို လွဲချော်မည် ဖြစ်သလို ၎င်း၏ မန်ယူ တိုက်စစ်အတွဲ ဒန်နီဝဲလ်ဘက်မှာလည်း လက်တလောတွင် ဒဏ်ရာ သက်သာရန် ရုန်းကန် နေရဆဲဖြစ်သည်။

ဂျာမိန်းဒီဖိုးသည် ယခုရာသီ တော့တင်ဟမ် ဟော့စပါး အသင်းတွင် ပွဲထွက်ခွင့် ဆုံးရှုံးနေခဲ့သူ ဖြစ်သည်။ ကာရိုးလ်သည် ကြာသပတေးနေ့ လေ့ကျင့်ရေး အစီအစဉ်တွင် ဟော့ဂ်ဆန် အံ့ဩ အထင်ကြီး ရလောက်အောင် အစွမ်းပြနိုင်ခဲ့ကြောင်း သိရှိရသည်။ ၀ဲလ်ဘက်မှာမူ လွန်ခဲ့သည့် (၄)ပတ်ကတည်းက မကစားနိုင်သေးသည့်နောက် ၎င်း၏ အနေအထားမှာ စိုးရိမ်စရာ ဖြစ်နေရသည်။

ကာရိုးလ်သည် ကြာသပတေးနေ့ လေ့ကျင့်ရေး အစီအစဉ်တွင် ဟော့ဂ်ဆန် အံ့ဩ အထင်ကြီးရလောက်အောင် အစွမ်းပြနိုင်ခဲ့... နောက်ခံလူ ဂလင်းဂျွန်ဆင်မှာ ခြေမ ထိခိုက်မှုကြောင့် ကြာသပတေးနေ့ လေ့ကျင့်ရေး အစီအစဉ်မှ တစ်ဝက်တစ်ပျက် ထွက်ခွာခဲ့ရသည်။ တော့တင်ဟမ် ကွင်းလယ်လူ စကော့ပါကားလည်း ခြေဖနောင့် ထိခိုက်မှု ဝေဒနာတစ်ရပ် ခံစားနေရကြောင်း သိရှိရသည်။

Ref : Soccermyanmar

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top