Log in Register

Log in

 

လီဗာပူးလ် အသင်းနှင့် စာချုပ်ရန် ဆွေးနွေးမှု အဆင် မပြေသည့်နောက် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ဘယ်လ်ဂျီယံ ကလပ် အန်းဒါးလက်ခ်ျအား ၎င်းကို မန်နေဂျာ ခန့်အပ်ရန် ဆက်သွယ်ခဲ့ကြောင်း သိရှိရသည်။

ချယ်လ်ဆီး အသင်းမှ ရာသီဝက်တွင် ထုတ်ပယ်ခြင်း ခံရသော ပေါ်တူဂီသား နည်းပြသည် ဘယ်လ်ဂျီယံ ချန်ပီယံ အန်းဒါးလက်ခ်ျနှင့် အတူ ဥရောပ အဆင့်သို့ ပြန်လည် တက်လှမ်းနိုင်ရန် မျှော်လင့်နေကြောင်း သတင်းများက ဆိုသည်။ ပေါ်တိုကို ခမ်းနား ကြီးကျယ်သော အောင်မြင်မှုများ ရယူပေးခဲ့သော ဘိုအာ့စ်သည် ချယ်လ်ဆီးနှင့် (၃)နှစ် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သော်လည်း (၉)လသာ ကိုင်တွယ်ပြီးနောက် ရာထူးမှ ထုတ်ပယ် ခံခဲ့ရသည်။ ၎င်းသည် လီဗာပူးလ်နှင့် ဆက်သွယ်ခဲ့သေးသော်လည်း အဆင် မပြေခဲ့ချေ။

အသက်(၃၄)နှစ်ရှိ ဘိုအာ့စ်သည် လတ်တလောတွင် အသင်းလက်မဲ့ ဖြစ်နေပြီးနောက် အန်းဒါးလက်ခ်ျထံ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ အန်းဒါးလက်ခ်ျသည် နည်းပြ အေရီရယ်လ် ဂျက်ကော့ဘ် ထွက်ခွာ သွားချိန်တွင် နည်းပြသစ် တစ်ဦး ရှာဖွေနေသည်။ ဘိုအာ့စ်ဘက်မှ ကမ်းလှမ်းမှုသည် အန်းဒါးလက်ခ်ျ အတွက် အံ့ဩဖွယ်ရာ ဖြစ်သော်လည်း ဘိုအာ့စ် တောင်းဆိုသည့် အခွန်နုတ်ပြီး တစ်ပတ်လုပ်ခ ပေါင်စတာလင် (၅၀၀၀၀)ကိုမူ ပေးချေနိုင်ဖွယ် မရှိချေ။ ဂျက်ကော့ဘ်သည် အခွန် မဆောင်မီ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၈၀၀၀)အောက်သာ ရရှိခဲ့သည်။

အန်းဒါးလက်ခ်ျသည် လတ်တလောတွင် ဗီတက်ဆီအန်ဟမ်း နည်းပြ ဂျွန်ဗန်ဒါဘရွမ်းကို ချိတ်ဆက်လျှက် ရှိသည်။ ဘိုအာ့စ်၏ အေးဂျင့်သည် ဘာစီလိုနာ နည်းပြအဖြစ်မှ ဂျိုးဆက်ဂွာဒီယိုလာ နုတ်ထွက်မည်ဟု တရားဝင် မကြေညာမီကလည်း စပိန်ထိပ်သီး ကလပ်ထံ ဆက်သွယ်ခဲ့သေးသော်လည်း ဘာစီလိုနာဘက်က အလေးအနက် တုံ့ပြန်မှု မရှိခဲ့ကြောင်း သိရှိရသည်။

Ref : Soccer myanmar

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top