စတားများနှင့်တွေ့ဆုံခြင်း
အာရပ်နွေဦးတဲ့လား အဲဒါ တခြားနိုင်ငံတွေရဲ့ ကိစ္စပါ။
Written by 7 Day News Journal“အာရပ်နွေဦး” ဟာ တိတိကျကျဆိုရင် ပင်လယ်ကွေ့ဒေသရဲ့ နိုင်ငံငယ်လေးဖြစ်တဲ့ ဘာရိန်းကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၄ ရက်ကမှ စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းက ထောင်နဲ့ချီတဲ့ ဆနပြသူတွေဟာ မြို့တော် မန်နာမာမှာ စုဝေးခဲ့မိကြပြီး နိုင်ငံရေးမှာ ပိုမိုပါဝင်ပတ်သက်ခွင့် ရရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ပိုလုပ်ဖို့အတွက်
တောင်းဆိုခဲ့ကြ ပါတယ်။ ဒီကိစ္စဟာ “အာရပ်နွေဦး” ပင်လယ်ကွေ့ကို ပထမဆုံး စတင် ပျံ့နှံ့လာမှုလက္ခဏာတစ်ရပ်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ မြို့တော် မန်နာမာရှိ ပုလဲရင်ပြင်တွင်းကနေ ဆနပြသူတွေကိုအကြမ်းဖက်ဖြိုခွဲမှုတွေပြုလုပ်ပြီးနောက် မတ်လ ၁၅ ရက်မှာတော့ ဘာရိန်းဘုရင် ဟာမတ်ဘင်အီဆာ
အယ်လ်ခါလီဖာဟာ အရေးပေါ် အခြေအနေကြေညာခဲ့ပါတယ်။ အဲဒီ့မတိုင်ခင်တစ်ရက်မှာလည်း ဘာရိန်းနိုင်ငံထဲကို ပင်လယ်ကွေ့ရဲ့ ဘုရင့်နိုင်ငံခြောက်နိုင်ငံပေါင်း စည်းထူ
ထောင်ထားတဲ့ ကျွန်းဆွယ်ကာကွယ်ရေးတပ်ဖွဲ့ ( Peninsula Shield force ) မှ တင့်ကားတွေ ၀င်လာခဲ့ပါပြီ။ ဒါကြောင့် ယှဉ်ကြည့်ရင် “ဘာရိန်းနွေဦး” ဟာ “အာရပ်နွေဦး”
ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အလျင်မြန်ဆုံးနဲ့ စနစ်အကျဆုံး ဖြိုခွင်းခံရတဲ့လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ စာရင်းတွေအရ ဆနပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့
ရွှေ့ပြောင်းနေထိုင် သူတွေအပါအ၀င် ၄၆ ဦးသေဆုံးပြီး အဲဒီ့ထဲက ငါးဦးက နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးရတာပါ။ အဖမ်းခံရသူ ၃၀၀၀ ရှိပြီး ၇၀၀ ခန့်ဟာ ၂၀၁၁
နှစ်ကုန်အထိ သံတိုင်တွေနောက်မှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဆနပြပွဲတွေမှာ ပါဝင်မှုနဲ့ လူ ၄၀၀၀ လောက်လည်း အလုပ်ထုတ်ခံခဲ့ရပါတယ်။
ဘာရိန်းဟာ ပင်လယ်ကွေ့ဒေသရဲ့ ဘဏ္ဍာရေးဗဟိုဖြစ်သလို အာဏာရှင်စနစ်မဟုတ်တဲ့ စည်းမျဉ်းခံဘုရင်စနစ်နဲ့ သွားနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဘုရင် ဟာမက်ဟာ
ပြီးခဲ့တဲ့ဇွန်လမှာတော့ အီဂျစ်အမေရိကန်နွယ်ဖွား လူ့အခွင့်အရေးကျွမ်းကျင်သူပညာရှင် ချာရစ်ဘတ်ဆီယွန်နီကို ဖိတ်ခေါ်ကာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေအ ကြောင်း
လေ့လာစူးစမ်းစေခဲ့ပါတယ်။ ဘုရင်ဟာ နိုင်ငံတွင်းမှာ တရား စီရင်ရေးစနစ်နဲ့ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးတွေကို ပြုလုပ်ဖို့လည်း ကတိပြုထားပါတယ်။ ဒါကြောင့် ဒီမှာ
ဂျာမန်စပိုင်းဂဲလ်မီဒီယာနဲ့ ဘုရင်ဟာမက်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုများကို ကောက်နုတ်တင်ဆက်လိုက် ပါတယ်။ မေးမြန်းသူများကတော့ အလက်ဇန်းဒါး စမော်ဇစ်နဲ့ ဆိုအက်
မက်ခင်နက်တို့ဖြစ်ပါတယ်။
တူရကီ၏ ဥရောပသမဂ္ဂရေးရာဝန်ကြီး အက်ဂီမန်ဘာဂျစ်နှင့် တွေ့ဆုံခြင်း
Written by 7 Day News Journalတူရကီဟာ စီးပွားရေးအကျပ်အတည်း ပြဿနာနဲ့ ရင်ဆိုင်နေရပေမယ့် ဥရောပသမဂ္ဂထဲ ၀င်ရောက်ခွင့်ရဖို့တော့ ထိပ်တန်းဦးစားပေး ကြိုစားနေဆဲဖြစ်ပါတယ်။ ဒါ့အပြင်၎င်းတို့ဟာ လက်ရှိ အာရပ်ကမ္ဘာမှာ ဆီးရီးယားနိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ ကြိုးစားနေတဲ့ အဓိကနိုင်ငံတွေထဲက တစ်နိုင်ငံလည်းဖြစ်ပါတယ်။ တူရကီမှာ ဥရောပသမဂ္ဂ၀င်ခွင့်ရ ရေးအတွက် ၎င်းတို့ဘယ်လိုအရေးထားတယ်ဆိုတာ အဲဒီကိစ္စအတွက် ၀န်ကြီးရာထူးတစ်ခုထားရှိခန့်အပ်ထားတာကိုကြည့်ရင် သိနိုင်ပါတယ်။ တူရကီရဲ့ဥရောပသမဂရေးရာဝန်ကြီးကတော့ အက်ဂီမန်ဘာဂျစ် ဖြစ်ပါတယ်။ ၎င်းက တူရကီနိုင်ငံ ဥရောပသမဂ္ဂထဲဝင်ချင်တာဟာ ၎င်းရဲ့ ပထ၀ီအနေအထားကြောင့် သာမက ငြိမ်းချမ်းစွာ စုစည်းနေတဲ့ နိုင်ငံတွေနဲ့ ပေါင်း စည်းချင်လို့လည်း ဖြစ်တယ်လို့ ပြောပါတယ်။
Read more...“ကျွန်တော်တို့က အာရပ်နွေဦးတော်လှန်ရေးကိုစတဲ့ ပထမဆုံးနိုင်ငံပါ”
Written by 7 Day News Journalအာရပ်နွေဦးရဲ့ ဦးဆောင်နိုင်ငံဖြစ်တဲ့ တူနီးရှားမှာ သမ္မတမွန်ဆက်မာဇော်ကီ အာဏာရလာတာဟာ သုံးလခန့်ပဲရှိပါသေးတယ်။ ဒါပေမဲ့ နုနယ်လွန်းတဲ့ အစိုးရသစ် သက်တမ်းလပိုင်းအတွင်းမှာပဲ သမ္မတသစ်ဟာ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ဖြေရှင်းနေရတာပါ။ သမ္မတမွန် ဆက်မာဇော်ကီရဲ့ ထိပ်တန်းဦးစားပေးအလုပ်တွေကတော့ နိုင်ငံ
တွင်းလုံခြုံမှု ပြန်လည်ထိန်းသိမ်းရေး၊ စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းရေးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ယူရိုသတင်းဌာနဟာ ကာသေ့မြို့တော်မှာရှိတဲ့ သမ္မတနန်းတော်မှာ သမ္မတဒေါက်တာ မွန် ဆက်ဖ်မာ ဇော်ကီနဲ့ တွေ့ဆုံခဲ့ပြီး ၎င်းရဲ့ တူနီးရှားအနာဂတ်အပေါ် ယုံကြည်မှုအကြောင်း၊ လတ်တလောတူနီးရှားရဲ့ အစိုးရဖွဲ့စည်းပုံ၊ နိုင်ငံရေးအနေအထားနဲ့ ဆီးရီးယားအပေါ် ၎င်းရဲ့သဘောထားတွေကိုပါ သိရအောင် မေးမြန်းခဲ့ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲပြောသည့် အာဖရိကဖွံ့ ဖြိုးရေး
Written by 7 Day News Journalဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲဟာ ရာထူးကအနားယူပြီးနောက်မှာလည်း ကမ္ဘာ့ရေးရာတွေမှာ သံတမန်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ၎င်းဟာ ရာထူးမှ
နုတ်ထွက်ပြီးနောက် အရှေ့အလယ်ပိုင်းအရေးလေးပွင့်ဆိုင် အဖွဲ့ကြီး Quartet on the Mid-dle East ရဲ့အထူးသံ တမန်အဖြစ် ဆောင်ရွက်ခဲ့သလို ၂၀၀၈ မေလမှာတော့ Tony Blair Faith ဖောင်ဒေးရှင်း ထူထောင်ခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းဟာ ယေးလ်တက္ကသိုလ်၊ စင်ကာပူအမျိုးသားတက္က သိုလ်၊ ဗြိတိန်မှဒါဟမ်းတက္ကသိုလ် တို့နဲ့တွဲကာ ပညာရေးအစီအစဉ်တွေ လုပ်ဆောင်နေတာပါ။ ယခုအင်တာဗျူးကတော့ စီအင်န်အင်နဲ့ မကြာမီကပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ မဟုတ်ပါဘူး”
Written by 7 Day News Journalဂျော်ဂျီယာ ဘီလျံနာသူဌေး ဘစ်ဇီနာအီဗန်နစ်ရှ်ဗီလီ ဟာ အမေရိကန် Forbes မဂ္ဂဇင်းကြီးရဲ့ ဖော်ပြချက် အရ ခန့်မှန်းခြေဒေါ် လာငါးဘီလီယံခန့် ကြွယ်ဝသူတစ်ဦးဖြစ်ပါတယ်။ ၅၆ နှစ်အရွယ်ရှိ အဆိုပါ စီးပွားရေး လုပ်ငန်းရှင်ဟာ ယခုအခါ ဂျော်ဂျီယာနိုင်ငံရေးမှာ သမ္မတမစ်ခေးလ်ဆာ ကတ်ရှ်ဗီလီကို ယှဉ်ပြိုင်မယ့် အတိုက်အခံပါတီ “ဂျော်ဂျီယန်အိပ်မက်” ကို ၂၀၁၁ ဒီဇင်ဘာက စတင်တည်ထောင်ခဲ့တာပါ။ ၎င်းဟာ ၂၀၀၃ မှာ
ဂျော်ဂျီယာကို ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းပေါ် ရောက်ရှိစေခဲ့တဲ့ “နှင်းဆီတော်လှန်ရေး” မှာ ဆာကတ်ရှ်ဗီလီကို ဘဏ္ဍာရေးထောက်ပံ့ပေးခဲ့ဖူးပေမယ့် ယခုအခါမှာတော့ ဆာကတ်ရှ်ဟာဂျော်ဂျီယာ ကိုအာဏာရှင်စနစ်လမ်းကြောင်းပေါ် ပြန်ဆွဲခေါ်နေတယ်လို့ ဝေဖန် နေပါတယ်။
