Log in Register

Log in

စတားများနှင့်တွေ့ဆုံခြင်း

ချီလီနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မစ္စမစ်ရှယ်ဘတ်ရှလတ်ဟာ ယမန်နှစ်ကစလို့ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ကုလသမဂ္ဂ ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြင့်မားရေးအဖွဲ့အစည်း” Uinted Nations Entity for Gender Equality and the Empowerment of Women မှာ အကြီးအကဲတာဝန်ယူလျက် ရှိပါတယ်။ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ဒီအဖွဲ့ကို UN Women “ကုလသမဂ္ဂအမျိုးသမီးအဖွဲ့”လို့လည်း ခေါ်ဝေါ်ပါတယ်။

Read more...

တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး မျက်မမြင်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တဲ့ ချင်ကွမ်းချန်ဟာ မကြာသေးမီကပဲ ဘေဂျင်းရှိ အမေရိကန်သံရုံးထဲ ခြောက်ရက်ခန့် ခိုဝင်ခဲ့ကာ တရုတ်နဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံအကြား သံတမန်ရေး အငြင်းပွားမှုတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။ ချင်ဟာ ၎င်းရဲ့ ဇာတိပြည်နယ် ရှန်တုန်မှာ ဒေသခံအာဏာပိုင်တွေရဲ့ “တစ်အိမ်ထောင် ကလေးတစ်ဦးသာ မွေးဖွားရေး ပေါ်လစီ” One Child ပေါ်လစီအရ မိသားစုတွေကို အတင်းအကျပ် ဖိအားပေးမှု၊ အနိုင်ကျင့်ဆက်ဆံမှုတွေကို ဒေသခံတွေနဲ့ စုစည်းပြီး ပြန်လည်တရားစွဲဆိုရာက ထောင်ဒဏ်ချမှတ် ခံခဲ့ရသူဖြစ်ပါတယ်။ ဒီနောက် သူထောင်ဒဏ်က လွတ်မြောက်ပြီး နေအိမ်အကျယ်ချုပ် ထပ်မံကျခံရပြန်ကာ ထိုမှတစ်ဆင့် မိတ်ဆွေတွေရဲ့အကူအညီနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကန်သံရုံးထဲ ခိုဝင်ခဲ့တာဖြစ်ပါတယ်။ ချင်ရဲ့သတင်းဟာ ပြီးခဲ့တဲ့ဧပြီလအတွင်းမှာတော့ လူပြောအများဆုံး နိုင်ငံတကာသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေဟာ ချင်ကွမ်းချန်ရဲ့ အရေးနဲ့ပတ်သက်လို့ သံတမန်ရေးအရ လျှို့ဝှက်ညှိနှိုင်းမှုတွေ အများကြီးလုပ်ခဲ့ရပြီး နောက်ဆုံးမှာတော့ ၎င်းကို တရုတ်ဘက်က ပြည်ပထွက်ခွာခွင့်ပြုဖို့နဲ့ အမေရိကန်ဘက်ကလည်း နိုင်ငံတွင်းပညာသင်ကြားခွင့် ပေးအပ်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ချင်ကို နယူးယောက်တက္ကသိုလ်က ပညာရှင်ဆု ပေးအပ်ခဲ့ပါတယ်။ ချင်ရဲ့အရေးနဲ့ ပတ်သက်လို့ အိုဘားမားအစိုးရရဲ့ ကိုင်တွယ်ပုံကို ရီပက်ဘလေကန် သမ္မတလောင်း မစ်ရွမ်နေက “ရှက်စရာကောင်းတယ်”လို့ ရှုတ်ချခဲ့ပြီး ဒုသမ္မတ ဂျိုးဘစ်ဒန်ကတော့ အမေရိကန်ဟာ ချင့်အတွက် ဗီဇာကို ချက်ချင်းထုတ်ပေးဖို့ ပြင်ဆင်ခဲ့ပြီး သူ့အနာဂတ်ဟာ အမေရိကမှာ ရှိမယ်လို့ထင်ကြောင်း အင်န်ဘီစီရုပ်သံကို ပြောခဲ့ပါတယ်။

Read more...

နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ဦးတည်တဲ့ အစိမ်းရောင်စီးပွားရေးအကြောင်း ပြောဆိုကြရတာ နှစ်သက်လေ့ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကမ္ဘာကြီးမှာ သဘာဝတရားကို အလွဲသုံးစားပြုကာ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုတွေက မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ဘရာဇီးပါလီမန်ဟာ မိုးသစ်တောတွေကို ကာကွယ်ထားတဲ့ ဥပဒေတွေကို အားနည်းစေဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။ တောင်အာဖရိကနိုင်ငံ ဘန်ဒါမှာ ကျင်းပခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုကွန်ဖရင့်မှာ ရာသီဥတုပြောင်းလဲစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု လျှော့ချဖို့အရေး ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။ ပြီးတော့လည်း တရုတ်နဲ့ အိန္ဒိယလို စီးပွားရေးထွန်းသစ်စ နိုင်ငံကြီးတွေဟာ လေထုညစ်ညမ်းစေတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံသစ်တွေ ဒါဇင်နဲ့ချီပြီး တည်ထောင်လျက် ရှိနေပါတယ်။ ဒီတော့ ယနေ့ခေတ် ကမ္ဘာကြီးရဲ့အနေအထားဟာ အစိုးရတစ်ခုပြီးတစ်ခုက ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ကြိုးစားလုပ်ဆောင်ရမယ့် သူတို့ရဲ့တာဝန်ကို ရှောင်လွှဲတဲ့သဘော ဖြစ်လာနေပါတယ်။ ဒါနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုကြီး တစ်ခုလုံးဟာလည်း အားနည်းလာတယ်လို့ သတ်မှတ်ခံလာနေရပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကမ္ဘာကျော်အဖွဲ့ကြီး တစ်ခုဖြစ်တဲ့ ဂရင်းပိစ် (Greenpeace)အဖွဲ့ရဲ့ အကြီးအကဲ ကူမီနိုင်ဒူးကတော့ ၎င်းရဲ့အဖွဲ့ဟာ သူတို့ရဲ့ အာရုံစူးစိုက်မှုကို ဖွံ့ဖြိုးဆဲကမ္ဘာဆီမှာ ပြောင်းရွှေ့ထားပြီး အဖွဲ့ဟာ စီးပွားရေးကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းမှုတိုးမြှင့်ပြီး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုတိုက်ဖျက်ရေးတို့ကို ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Read more...

တောင်တရုတ်ပင်လယ်အတွင်း ကျွန်းစုများ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်ဟာ အခြားအိမ်နီးချင်း နိုင်ငံအချို့နဲ့အတူ ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံအပါအ၀င် အငြင်းပွားမှုတွေဖြစ်နေတာ အတော်ကြာမြင့်နေပါပြီ။ ဖိလစ်ပိုင်ဟာ အာဆီယံဒေသတွင်း အမေရိကန်ရဲ့ အဓိက မဟာမိတ်တစ်ဦး ဖြစ်တာနဲ့အညီ အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေး မဟာမိတ်အဖြစ်ကို ပိုမိုခိုင်မာအောင် တိုးချဲ့နေပြီး တရုတ်ရဲ့ စစ်အင်အားကို တန်ပြန်ထိန်းညှိဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်ဟာ ဒီနှစ်ပိုင်းအတွင်းမှာ စိတ်လှုပ်ရှားစရာ စီးပွားရေးတိုးတက်မှုနဲ့ ကြုံတွေ့နေရသလို တစ်ဖက်ကလည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွေ ဆက်လက် လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းအတွင်း ဝေါလ်စထရိဂျာနယ်နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နိုအကွီနိုဟာ ဒီအချက်တွေနဲ့ပတ်သက်လို့ ဖြေကြားထားတာ တွေ့ရမှာပါ။ အဲဒီ့ အင်တာဗျူး ကောက်နုတ်ချက်များကို ဝေါလ်စထရိမှာ ဖော်ပြခဲ့တဲ့အတိုင်း ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။

Read more...

ယူနိုက်တက်ကင်းဒမ်းလို့ခေါ်တဲ့ ယူကေနိုင်ငံဟာ အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ ဝေးလ်စ်၊ စကော့တလန် စသဖြင့် ဗြိတိသျှကျွန်းစုများပေါ်က နိုင်ငံများ ပေါင်းစုထားမှုကို အသိအမှတ်ပြုထားတဲ့ စုစည်းညီညွတ်သော ဘုရင့်နိုင်ငံတော်ကိုလည်း ဆိုလိုပါတယ်။ ယခုအခါ အဲဒီလို ဗြိတိသျှလက်အောက်ခံ အဖြစ်ကနေ စကော့တလန်ဟာ လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေပြီး ဒီနွေရာသီမှာ ဒီကိစ္စကပဲ အဆူပွက်ဆုံးဖြစ်ခဲ့ပါတယ်။ စကော့တလန်သားတို့ ဗြိတိသျှလက်အောက်မှ ခွဲထွက်ကာ အမှီအခိုကင်းတဲ့ လွတ်လပ်ရေးရယူဖို့အတွက် ပြည်သူ့ဆန္ဒခံယူပွဲကိုလည်း လာမယ့် ၂၀၁၄ ဆောင်းရာသီမှာ ပြုလုပ်ဖို့ရှိပါတယ်။ ဒါ့ကြောင့် ယူရိုသတင်းဟာ စကော့အမျိုးသားရေးဝါဒီများရဲ့ ပါတီခေါင်းဆောင်လည်းဖြစ်ပြီး စကော့တလန်ရဲ့ ဗြိတိန်ကိုယ်စားလှယ် အစိုးရအဖွဲ့ရဲ့ ပထမ၀န်ကြီးလည်းဖြစ်သူ အဲလက်စ်ဆယ်မွန်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။ မေးမြန်းသူကတော့ ယူရိုသတင်းမှ အလီရှိတ်နိုလက်ဆလာမီ ဖြစ်ပါတယ်။

Read more...

Page 3 of 79

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top