Log in Register

Log in

စတားများနှင့်တွေ့ဆုံခြင်း

အရှိန်ပြင်းသည့် ဟစ်ဟော့ပ်ဂီတရေစီးကြောင်း အတွင်း စီးဝင်မျောပါလျက် ရှိသည့် လူငယ် အနုပညာရှင်များစွာထဲက ရက်ပ်စာသားများကို မြန်ဆန်စွာ ရွတ်ဆိုတတ်ကာ ‘နှုတ်မဆက်ချင်ဘူး’၊ ‘ခုန်လိုက်’ တေးသီချင်းများဖြင့် ထင်ရှားလာခဲ့သူ ကောင်မလေး တစ်ယောက်ဟု ဆိုလျှင် Bobby Soxer ဟု အများက သိကြမည်ထင်သည်။ မကြာခင်က ထွက်ရှိထားသည့် လွှမ်းပိုင်နှင့်နှစ်ယောက်တွဲ စီးရီးဖြစ်သော ‘ဒုံးပျံ’တေးစီးရီးသည်လည်း အချိန်တိုအတွင်း ပရိသတ်လက်ခံခဲ့ကာ ‘စွာတေးလန်’၊ ‘ဒုံးပျံ’၊ ‘မြန်မြန်ချစ်ရင် ချစ်တယ်ပြော’ သီချင်းများသည်လည်း ရေပန်းစားသည့် တေးသီချင်းများ ဖြစ်လာခဲ့သည်။

Read more...

Q. ဆယ်ကျော်သက်ဘဝမှာ ဖြစ်ချင်ခဲ့တဲ့ နဒီ့ရဲ့ အိပ်မက်က ဘာလဲ။
A. ငယ်ငယ်တုန်းကတော့ ဖေဖေ သီချင်းရေးရင် ဘေးကနေလိုက်ပြီး ဆိုပေးရတာ။ အဲ့ဒီတုန်းကတော့ သရုပ်ဆောင်ဆိုတာ လုပ်ဖို့ စိတ်ထဲမှာ လုံးဝမရှိပါဘူး။ အဆိုတော်ပဲလုပ်ချင်ခဲ့တာ။ အနုပညာ အလုပ် မလုပ်ရင်ကတော့ နာမည်ကျော်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။

Q. အနုပညာရှင်အလုပ်ကို ဖြစ်သင့်လို့ လုပ်ခဲ့တာလား။
A. မထင်မှတ်ဘဲ လုပ်ဖြစ်သွားတာပါ။ မေမေကလည်း ဖေ့ဖေ့ အနုပညာအမွေကို တစ်ယောက်မဟုတ် တစ်ယောက်ရအောင်ယူရမယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းလည်း ကိုယ်တိုင်စိတ်ပါသွားလို့ လုပ်ဖြစ်ခဲ့တာပါ။

Read more...

Q. ဆယ်ကျော်သက်ဘဝက စိတကူးထဲက လုပ်ချင်တဲ့ အလုပ်က…
A. လေယာဉ်မယ် လုပ်ချင်ခဲ့တာပေါ့။ လေယာဉ်မယ် အလုပ်ကို လျှောက်ဖူးတယ်။ မရခဲ့တာ။ လေယာဉ်မယ် အလုပ်ကို စိတ်အဝင်စားဆုံးပဲ။

Q. ဆယ်ကျော်သက်ဘဝထဲက မက်ခဲ့တဲ့အိပ်မက်ထဲမှာ အခုလက်ရှိအလုပ်ရော ပါလား။
A. ပါတယ်။ ဒါပေမဲ့ ဒီလို အပြည့်အဝမဟုတ်ဘဲ photo Model ပဲ လုပ်ချင်ခဲ့တာ။ နိုင်ငံခြား Model တွေကို သဘောကျတော့ Only Modelling ပဲလုပ်ချင်ခဲ့တာ။ မှန်ရှေ့မှာ Photo Model Pose တွေ လုပ်ကြည့်ဖူးတယ်။

Read more...

Q. တရှိုက်မက်မက်မှာ ဒါရိုက်တာလုပ်တယ်ဆိုတော့ တစ်ချိန်မှာ ဇာတ်ကားရိုက်တဲ့ ဒါရိုက်တာ အဖြစ်မြင်တွေ့ရဦးမယ် မဟုတ်လား။
A. မဖြစ်နိုင်ပါဘူး။ အဲဒါသေချာတယ်။ ထရီဇာက အဲ့ဒီဘာသာရပ်ကို သေသေချာချာ စိတ်ဝင်တစားနဲ့ အများကြီးလေ့လာခဲ့တာ မရှိဘူး။ အဲ့ဒီအခွေမှာ ဝင်ရိုက်တယ်ဆိုတာလည်း ထရီဇာမှာ Idea ရှိတယ်။ ထရီဇာလိုချင်တဲ့ Idea လေးကို ကင်မရာမင်း ဦးသုံးပေါင်ကို ပြောပြပြီး ရိုက်ခဲ့တာပါ။ ဇာတ်ကားတစ်ကားရိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

Read more...

မေး - သူငယ်ချင်းတွေပေးထားတဲ့ လျှို့ဝှက်နာမည်
ဖြေ - ဖိုးသားလို့ခေါ်တယ်။ ပြီးတော့ ငယ်ငယ်တုန်းက ဆံပင်လေးတွေ၊ မျက်ခုံး၊ မျက်တောင်လေးတွေကအစ နီနေလို့ မွှေးနီလို့လည်းခေါ်တယ်။

မေး - ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေကို ပေးထားတဲ့ လျှို့ဝှက်နာမည်
ဖြေ - ဂျက်ကီ၊ ဂျက်ကီချန်းလို့ ခေါ်တဲ့ ခွေးလေးတွေ

Read more...

Page 6 of 79

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top