Log in Register

Log in

စတားများနှင့်တွေ့ဆုံခြင်း

Q. မချောငယ်ငယ်က အနုပညာအလုပ်မဟုတ်ဘဲ တခြားဖြစ်ချင်ခဲ့တဲ့အလုပ်ရှိလား။
A. ငယ်ငယ်တုန်းက လေယာဉ်မယ်လည်း ဖြစ်ချင်တာပဲ။ ဆရာမလည်း ဖြစ်ချင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမအင်္ကျီလးတွေ့ရင်လည်း အဲဒီလိုမျိုးကျောင်းစိမ်း အဖြူ၊ အစိမ်းလေးတွေဝတ်တာကို ကြိုက်တယ်။ နောက်ပြီး လေယာဉ်မယ်ကိုကျတော့လည်း တစ်မျိုးကြိုက်ပြန်ရော။

Read more...

Q. သင်ဇာဆယ်ကျော်သက်အရွယ်က စိတ်ကူးခဲ့တဲ့ အိပ်မက်က ဘာလဲ။
A. ငယ်ငယ်ကတော့ ပန်းချီဆွဲဖြစ်တာ ဝါသနာပါတော့ ပန်းချီဆရာမ ဖြစ်ချင်တယ်။ ကျောင်းဆရာမလည်း ဖြစ်ချင်တယ်။ ဆရာဝန်လည်း ဖြစ်ချင်တယ်။ အစုံပဲ။ ဒါပေမဲ့ အဖြစ်ချင်ဆုံးကတော့ ဆရာဝန်ပဲ။

Read more...

Q. ငယ်ငယ်တုန်းက ဒီအနုပညာအလုပ်မဟုတ်ဘဲနဲ့ ဝါသနာပါတဲ့ အလုပ်ကဘာလဲ။
A. ကိုယ်က အင်ဂျီနီယာကို နဂိုကတည်းက ဝါသနာပါတာ။ ဟိုး ငယ်ငယ်လေးတုန်းက အဓိက ဖြစ်ချင်တာ ပိုင်းလော့ပေါ့။ ဒီပိုင်းလော့က ဘယ်လိုကနေဘယ်လို သွားရမယ်ဆိုတာ ကိုယ်မဖြစ်နိုင်မှန်းသိတော့ အင်ဂျီနီယာဖြစ်အောင် ကြိုးစားခဲ့တာပေါ့နော်။

Read more...

မေး - သူငယ်ချင်းတွေပေးထားတဲ့ လျှို့ဝှက်နာမည်
ဖြေ - RP2 (Hee Hee) ငပေါလို့ ပြောတာ။

မေး - ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေကို ပေးထားတဲ့ လျှို့ဝှက်နာမည်
ဖြေ - Eek…တိရစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ ဒါပေမဲ့ အိမ်မှာမမွေးဘူး။

Read more...

Q. မမိုးပြည့် ဆယ်ကျော်သက်အရွယ်က စိတ်ကူးခဲ့တဲ့ အိမ်မက်ကဘာလဲ။
A. ဆယ်ကျော်သက်အရွယ်၊ ဆယ်တန်းလောက်ကဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်က အင်ဂျင်နီယာ အရမ်းဖြစ်ချင်ခဲ့တယ်။

Q. မမိုးပြည့်ကိုမိဘတွေက ချုပ်ချယ်တားမြစ်ခဲ့တာရော ရှိလား။
A. မိဘတွေကတော့ မိုးပြည့်လုပ်ချင်တာကို လုပ်ခွင့်ပေးတယ်။ အဘိုး၊ အဘွားတွေနဲ့ နေခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရတယ်။ သွားမယ်လာမယ် ဆိုရင်လည်း လွတ်လွတ်လပ်လပ် မသွားခဲ့ရဘူး။

Read more...

Page 8 of 79

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top