Log in Register

Log in

 

မေး - သူငယ်ချင်းတွေပေးထားတဲ့ လျှို့ဝှက်နာမည်
ဖြေ - ဖိုးသားလို့ခေါ်တယ်။ ပြီးတော့ ငယ်ငယ်တုန်းက ဆံပင်လေးတွေ၊ မျက်ခုံး၊ မျက်တောင်လေးတွေကအစ နီနေလို့ မွှေးနီလို့လည်းခေါ်တယ်။

မေး - ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေကို ပေးထားတဲ့ လျှို့ဝှက်နာမည်
ဖြေ - ဂျက်ကီ၊ ဂျက်ကီချန်းလို့ ခေါ်တဲ့ ခွေးလေးတွေ

မေး - လျှို့ဝှက်ထားတဲ့ အမူအကျင့်
ဖြေ - တစ်ခုခုစားတော့မယ်ဆိုရင် နမ်းကြည့်တာ။ လက်ကိုရော၊ စားစရာကိုရောပေါ့။

မေး - လျှို့ဝှက်ထားတဲ့ ငယ်ငယ်ကဖြစ်ရပ်
ဖြေ - ဟိုင်းကြီးမှာနေတုန်းက တောထဲမှာ သုံးရက်လမ်းပျောက်ပြီး ကျန်ခဲ့တာ တခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပဲ။

မေး - လျှို့ဝှက်ထားတဲ့မိသားစုနဲ့ ပတ်သက်တဲ့ဆန္ဒ
ဖြေ - အမေနဲ့ အေးအေးချမ်းချမ်းနေပြီး အမေ့ကို ရှာကျွေးချင်တဲ့စိတ် အပြည့်ရှိတယ်။

မေး - လျှို့ဝှက်ထားတဲ့ ကောင်းတဲ့အမူအကျင့်
ဖြေ - မျက်နှာသစ်တာဖြစ်ဖြစ်၊ သွားတိုက်တာဖြစ်ဖြစ် (၂၄)ပစ္စည်း ပဋ္ဌာန်းကို အမြဲရွတ်တယ်။

မေး - လျှို့ဝှက်ထားတဲ့ မကောင်းတဲ့အမူအကျင့်
ဖြေ - ကိုယ့်ကို တစ်ခုခုပြောထားရင် ပြန်မပြောဘဲမနေနိုင်ဘူး။ အိပ်လို့လည်း မရဘူး။ ပြန်ဖြေရှင်းပြီးမှ ပြန်ပြောပြီးမှ ကျေနပ်တာ။ အိပ်နိုင်စားနိုင်တာ။

မေး - မိုက်မိုက်မဲမဲ လုပ်ပစ်ချင်တဲ့ လျှို့ဝှက်ဆန္ဒ
ဖြေ - အရမ်းပင်ပန်းတဲ့ အချိန်ဆိုရင် ဘယ်ကိုမှန်းတော့မသိဘဲ ထွက်ပြေးချင်တယ်။

မေး - လျှို့ဝှက်ထားတဲ့ ချစ်တဲ့သူနဲ့ ပတ်သက်တဲ့ဆန္ဒ
ဖြေ - ချစ်တဲ့သူမရှိတော့ဘူး။

မေး - လျှို့ဝှက်ထားတဲ့ အကြောက်ဆုံးအရာ
ဖြေ - မြွေလည်းဖမ်းရဲတယ်။ ကြွက်လည်းဖမ်းရဲတယ်။ တောသားဆိုတော့ ဘာမှမကြောက်တော့ဘူး။

မေး - လျှို့ဝှက်ထားတဲ့ လတ်တလောဖြစ်ရပ်
ဖြေ - အားလုံး ပွင့်ပွင့်လင်းလင်းပါပဲ။

မေး - လျှို့ဝှက်ထားတဲ့ အမုန်းဆုံးအရာ
ဖြေ - အပေါ်က သိုးအရေခွံ၊ အောက်က မြေခွေးလို ယုတ်မာကောက်ကျစ်တဲ့ စိတ်ထားရှိသူတွေ၊ ကိုယ့်ဆန္ဒကိုပဲကြည့်ပြီး လူတစ်ဖက်သားကို မကြည့်တတ်တဲ့ လူတွေကို မုန်းတယ်။

မေး - လျှို့ဝှက်ထားတဲ့ လွမ်းဆွတ်မိတဲ့အတိတ်
ဖြေ - ကော်လိပ်ကျောင်းသား ဘဝကို လွမ်းမိတယ်။

မေး - လျှို့ဝှက်ထားတဲ့ အနေချင်ဆုံးဘဝ
ဖြေ - သာယာတဲ့ဘဝ။ ပြီးတော့ ကမ္ဘာလှည့်ပြီး ခရီးသွားချင်တဲ့သူ ဖြစ်ချင်တယ်။

မေး - လျှို့ဝှက်ထားတဲ့ ပရိသတ်ကို ဖြစ်စေချင်တဲ့ဆန္ဒ
ဖြေ - ကြိုးစားသလောက်ကို နေရာပေးစေချင်တယ်။

Ref: 8 Days

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top