Log in Register

Log in

 

Q. ဆယ်ကျော်သက်ဘဝက စိတကူးထဲက လုပ်ချင်တဲ့ အလုပ်က…
A. လေယာဉ်မယ် လုပ်ချင်ခဲ့တာပေါ့။ လေယာဉ်မယ် အလုပ်ကို လျှောက်ဖူးတယ်။ မရခဲ့တာ။ လေယာဉ်မယ် အလုပ်ကို စိတ်အဝင်စားဆုံးပဲ။

Q. ဆယ်ကျော်သက်ဘဝထဲက မက်ခဲ့တဲ့အိပ်မက်ထဲမှာ အခုလက်ရှိအလုပ်ရော ပါလား။
A. ပါတယ်။ ဒါပေမဲ့ ဒီလို အပြည့်အဝမဟုတ်ဘဲ photo Model ပဲ လုပ်ချင်ခဲ့တာ။ နိုင်ငံခြား Model တွေကို သဘောကျတော့ Only Modelling ပဲလုပ်ချင်ခဲ့တာ။ မှန်ရှေ့မှာ Photo Model Pose တွေ လုပ်ကြည့်ဖူးတယ်။

Q. အခုလက်ရှိအလုပ်က ဘယ်လိုစိတ်ဝင်စားခဲ့တာလဲ။
A. Photo Model လုပ်နေရင်းနဲ့မှ သရုပ်ဆောင်အလုပ်ကို လုပ်ဖြစ်လာခဲ့တာပါ။ တဖြည်းဖြည်းနဲ့ ဝါသနာပါလာတာပေါ့။

Q. မိဘတွေက ဟိုအလုပ်မလုပ်နဲ့ ဒီအလုပ်မလုပ်နဲ့လို့ တားမြစ်ခဲ့ဖူးလား။
A. အလုပ်ကိုတော့ တားလည်းမတားမြစ်ခဲ့ဘူး။ တိုက်လည်း မတိုက်တွန်းခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် ရွေးချယ်ပြီး လုပ်ဖြစ်ခဲ့တာပါ။ ငယ်ငယ်ကဆိုရင် ပညာသင်နေတဲ့ အချိန်မှာ အမေက ဟိုသွားဒီသွားတာတွေကို သိပ်မကြိုက်ဘူး။ ခရစ္စက ငယ်ငယ်က ကိုယ့်ရဲ့သူငယ်ချင်းတွေလောက်တောင် မလွတ်လပ်ခဲ့ဘူး။ စိတမချလို့ သင်တန်းမတက်ခဲ့ရတာတွေ၊ ကျူရှင်ထုတ်တာတွေတောင် ရှိခဲ့တယ်။ အဲ့ဒါတွေကြောင့် ပညာရေးမှာ အရမ်းနစ်နာခဲ့တာတွေရှိတယ်။ အဲ့ဒါတွေကို နောင်တရခဲ့တယ်။

Q. လက်ရှိအလုပ်က ဖြစ်ချင်တာမဟုတ်ဘဲ ဖြစ်သင့်တာကို ရွေးချယ်ခဲ့တာလား။
A. ဒီအလုပ်ကလည်း ဖြစ်ချင်ခဲ့တဲ့ အလုပ်ပါ။

Q. ဒါဆိုရင် လေယာဉ်မယ်အလုပ်က စိတ်ကူးယဉ်ခဲ့တာလား။
A. စိတ်ကူးယဉ်ဆန်ခဲ့တာ မဟုတ်ပါဘူး။ တကယ်ကို သဘာဝကျကျ လုပ်ချင်ခဲ့တာပါ။ လေယာဉ်မယ်အလုပ်က ခရစ္စနဲ့လည်း လိုက်ဖက်တယ်လို့ ထင်တယ်။

Q. ဒါဆို လေယာဉ်မယ်အလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့အတွက် နောင်တရတာရောရှိလား။
A. နောင်တ မရခဲ့ပါဘူး။ နောင်တရစရာလည်း မရှိခဲ့ပါဘူး။

Q. လေယာဉ်မယ်အလုပ်ကိုသာ လုပ်ရမယ်ဆိုရင် အခုလက်ရှိ အလုပ်ကို စွန့်လွှတ်မှာလား။
A. လေယာဉ်မယ်သာ လုပ်ဖြစ်ခဲ့မယ်ဆိုရင် ဒီအလုပ်ကို လုပ်ဖြစ်မှာတောင် မဟုတ်ဘူး။ လေယာဉ်မယ် မဖြစ်ခဲ့လို့ ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာပါ။

Q. မိဘတွေက ထိန်းချုပ်တာခံရတဲ့ ဆယ်ကျော်သက်တွေကို ဘာပြောချင်လဲ။
A. လူငယ်ဆယ်ကျော်သက်တွေကိုတော့ ဘာမှ မပြောချင်ပါဘူး။ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပါလို့ပဲ အကြံပေးချင်ပါတယ်။

Q. ထိန်းချုပ်တဲ့ မိဘတွေကိုရော ဘယ်လို အကြံပေးချင်လဲ။
A. မိဘတွေက လူငယ်တွေကို အရမ်းစိတ်ပူကြတယ်။ အဲဒါကြောင့် လွဲမှားတဲ့ ချုပ်ချယ်မှုမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချိန်ချိန်မှာ သားသမီးတွေရဲ့ အရည်အချင်းတွေကို သိလာပြီး နောင်တပြန်ရတာတွေ ဖြစ်တတ်ကြတယ်လေ။ ဒါကြောင့် မိဘတွေကို အကြံပေးချင်တာက ကိုယ့်သားသမီးကို သေသေချာချာ လေ့လာပြီးတော့မှ သူတို့ ဘာလုပ်ချင်လဲ ဆိုတာကို စဉ်းစားဆုံးဖြတ်ပြီး လမ်းကြောင်းပေးပါလို့ ပြောချင်တယ်။ ခရစ္စကိုယ်တိုင်လည်း ထိန်းချုပ်တာ ခံခဲ့ရတဲ့အတွက် ဆယ်ကျော်သက်အရွယ်တွေကို ကိုယ်ချင်းစာနာ မိပါတယ်။ ကိုယ်လို မဖြစ်စေချင်ဘူး။ နောက်မိဘနဲ့ သားသမီးတွေကြားမှာ ပွင့်လင်းမြင်သာတဲ့ နားလည်မှုတွေရှိဖို့ လိုအပ်တယ်လေ။ စေတနာနဲ့ အကြံပေးတာပါ။ ။

Ref: 8 Days

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top