Log in Register

Log in

 

Q. ဆယ်ကျော်သက်ဘဝမှာ ဖြစ်ချင်ခဲ့တဲ့ နဒီ့ရဲ့ အိပ်မက်က ဘာလဲ။
A. ငယ်ငယ်တုန်းကတော့ ဖေဖေ သီချင်းရေးရင် ဘေးကနေလိုက်ပြီး ဆိုပေးရတာ။ အဲ့ဒီတုန်းကတော့ သရုပ်ဆောင်ဆိုတာ လုပ်ဖို့ စိတ်ထဲမှာ လုံးဝမရှိပါဘူး။ အဆိုတော်ပဲလုပ်ချင်ခဲ့တာ။ အနုပညာ အလုပ် မလုပ်ရင်ကတော့ နာမည်ကျော်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။

Q. အနုပညာရှင်အလုပ်ကို ဖြစ်သင့်လို့ လုပ်ခဲ့တာလား။
A. မထင်မှတ်ဘဲ လုပ်ဖြစ်သွားတာပါ။ မေမေကလည်း ဖေ့ဖေ့ အနုပညာအမွေကို တစ်ယောက်မဟုတ် တစ်ယောက်ရအောင်ယူရမယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းလည်း ကိုယ်တိုင်စိတ်ပါသွားလို့ လုပ်ဖြစ်ခဲ့တာပါ။

Q. ဒီအလုပ်ကို ဘာဖြစ်လို့ လုပ်ခဲ့တာလဲ။
A. ငယ်ငယ်တုန်းကတော့ သီချင်းတွေဆိုရတာကို စိတ်ပါတယ်။ ဓမ္မတေးတွေမှာလည်း ခေါင်းဆောင်လုပ်ပြီး ဆိုဖူးတယ်။ ဘဘဦးစိုးရွှေကေ တးသီငှက်တီးဝိုင်းက ဦးနိုင်တို့နှင့် ဆက်စပ်မိပြီး နယ်ပွဲတွေ လိုက်ဆိုရင်းနဲ့ ကိုသူရရဲ့ သူငယ်ချင်းက စပ်ပေးရင်းနဲ့ နင်ရုပ်လေးရှိတယ်။ ဇာတ်ကားရိုက်ပါလားလို့ ပြောတယ်။ နင်္ဒီက စကားပြောရမှာ အရမ်းကြောက်တော့ အဆင်ပြေပါ့မလားဆိုတာကို လုပ်ကြည့်ဆိုပြီး ဒီဗွီဒီ စရိုက်ဖြစ်တာ။ သုံးကား ရိုက်တယ်။ ငါးစိမ်းသည်မသား ဗီဒီယို ဇာတ်ကားကို လက်ကီးဆဲဗင်းကနေရိုက်ရင်းနဲ့ ဇာတ်ကားရိုက်တဲ့ဘက်ကို စိတ်ဝင်စားပြီး ဝါသနာပါခဲ့တာ။

Q. မိဘတွေက နဒီကို ထိန်းချုပ်ခဲ့တာရော ရှိလား။
A. အဲလိုတော့ မရှိပါဘူး။ အမေ သမီး ဒီလိုလေးလုပ်ချင်တယ်လို့ပြောရင် ကောင်းတယ်ဆိုရင် လုပ်ပေါ့ ဆိုပြီး ခွင့်ပြုတယ်။ လွတ်လွတ်လပ်လပ် နေခဲ့ရတယ်။ သားအမိတွေက ညီအမတွေလိုပဲ တိုင်တိုင်ပင်ပင် ပါပဲ။ ဖေဖေရှိတုန်းကတော့ စိုးရိမ်စိတ်ရှိလို့ အနေကျုံ့ ခဲ့ရတယ်။

Q. ဖြစ်ချင်တာတွေကို စွန့်လွှတ်ခဲ့ရတာမျိုးရော ရှိလား။
A. ဖြစ်ချင်တာ အကြီးကြီးတွေတော့ မရိှပါဘူး။ သူငယ်ချင်းတွေနဲ့ သွားချင်တာလေးတွေရှိရင် ဟိုမသွားရဘူး။ ဒီမသွားရဘူး။ ဆိုတာတော့ ရှိတာပေါ့။

Q. စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဆိုတာကရော ဘာလို့ မလုပ်ဖြစ်ခဲ့တာလဲ။
A. မလုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီအလုပ်ကို လုပ်နေလို့ စီးပွားရေးဘက်ကို မလှည့်နိုင်ခဲ့တာပါ။ အခုတော့ စီးပွားရေးတစ်ခုလုပ်ဖို့ စစဉ်းစားနေပါတယ်။

Q. ဆယ်ကျော်သက်အရွယ်တွေကိုရော သူတို့ရဲ့ စိတ်ကူးနဲ့ ပတ်သက်ပြီးတော့ အကြံပေးပါဦး။
A. သူတို့ အရွယ်နဲ့ ဆိုရင် ဒီခေတ်မှာ မိဘတွေက ထိန်းချုပ်ဖို့တော့ လိုလိမ့်မယ်။ တစ်ချို့ဆို ရည်းစားမထားသင့်တဲ့ အရွယ်ပေမဲ့ ရည်းစားထားနေကြပြီလေ။ ကိုယ်တွေတုန်းကတော့ အဲဒီလို မဟုတ်ဘူးလေ။ နောက်ပိုင်းဆို ပိုဆိုးလာမလားတောင် မသိဘူး။

Q. ထိန်းချုပ်တဲ့မိဘတွေကို ဘယ်လိုအကြံပေးချင်လဲ။
A. မိဘတွေကလည်း ကိုယ်ဖြစ်ချင်တာပဲ ပြောလို့ မရပါဘူး။ ကိုယ့်သားသမီး ဘာဖြစ်ချင်လဲဆိုတာကို အကြံပေး ညှိနှိုင်းသင့်တယ် ထင်ပါတယ်။

Ref: 8 Days

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top